27 C
Yangon

ရေဦးနှင့်ရွှေဘို မြို့နယ်ရှိ စစ်တပ်နှင့် ပျူစောထီး အထိုင်စခန်းများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးခန့် သေဆုံး

Must read

ရေဦးနှင့်ရွှေဘို မြို့နယ်ရှိ စစ်တပ်နှင့် ပျူစောထီး အထိုင်စခန်းများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးခန့် သေဆုံး

ရန်ကုန်၊ မေ ၁၀

စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး အထိုင်စခန်း ၄ ခုကို ရှော့တိုက်ဒုံး၊ လက် နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၂ ဦးအပါအဝင် ၁၀ ဦးခန့်သေဆုံး ခဲ့ ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယနေ့ မေလ ၁၀ ရက် နံနက် ၆ နာရီ ၃၈ မိနစ်ခန့်က ရေဦးမြို့အတွင်းရှိ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၄၀ ခန့်ဖြင့် အထိုင်စခန်း၊ အကြမ်းဖက်စစ်တပ်၊ ပျူစောထီးအင်အား (၁၅) ဦးခန့် နေရာယူထားသော ရေဦးမြို့ကြာဖူးဝိုင်း၊ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအင်အား (၇) ဦးခန့် ရှိသော ရေဦးမြို့ဂါဝီပန်းခြံ နှင့် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးအင်အား (၃၀) ဦးခန့်ရှိသော အထိုင်ချစခန်းတို့ကို ၁၀၇ မမ ရှော့ တိုက်ဒုံး၊ ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အရာရှိ ၂ ဦးအပါအဝင် ၁၀ ဦးခန့် သေဆုံးကာ ၂၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ အမှတ်၁ ရွှေဘိုခရိုင်ကွပ်ကဲရေး၊ လက်နက်ကြီးအဖွဲ့မှ ပြည် သူ့ကာကွယ်ရေးတပ်မတော် (၂) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဘေးကင်းအောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ လုံးရွာ၊ ပန်းလှိုင်ရွာနှင့် အုတ်ပုံရွာ အကြမ်းဖက်စစ်သား၊ ပျူစော ထီး အထိုင် စခန်းတို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာ ကွယ် ရေး တပ်မ တော် (Chindwin Attack Force) ထံမှ သိရသည်။

မေလ ၄ ရက် ည ၉ နာရီခန့်က ရွှေဘိုမြို့နယ်၊ လုံးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစော ထီးစခန်းကိုလည်းကောင်း၊ မေလ ၅ ရက် ည ၁၁ နာရီခန့်က ရွှေဘိုမြို့နယ်၊ ပန်းလှိုင်ရွာ အကြမ်းဖက်စစ် သား၊ ပျူစောထီးစခန်းနှင့် အုတ်ပုံကျေးရွာ ပျူစောထီးစခန်းတို့ကိုလည်းကောင်း လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မ တော် (Chindwin Attack Force) တပ်ရင်း ၃ တပ်ခွဲ ၃ ဂဠုန်နက် PDF နှင့် ငါးမြည်ရ LPDF တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး အခြေ အနေရ အကြမ်းဖက်စစ်သား၊ ပျူစောထီး ထိခိုက်သေဆုံးမှုမသိ ရသေးကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း Chindwin Attack Force က ထုတ်ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article