မကွေး၊ဆောနယ်မှာ လေပြင်းတိုက်လို့ ဘုန်ကြီးကျောင်း၊စာသင်ကျောင်းအပါအဝင် နေအိမ်တွေပျက်စီး
ရန်ကုန်၊ မေ ၁၀
မကွေးတိုင်း၊ ယောဒေသ၊ ဆောမြို့နယ်၊ ကြခတ်ကျေးရွာအုပ်စု ကျေးရွာတွေမှာ မေလ ၉ ရက်နေ့လယ် ၃ နာရီဝန်းကျင်က လေပြင်းတိုက်ခတ်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
” အဓိက ကတော့အမိုးတွေလန်တာ လေကဝေ့တိုက်တိုက်တာကိုး။ လေပွေတိုက်ပြီး အိမ်ခေါင်မိုးတွေအကုန်ပါသွားတဲ့အိမ်တွေလည်းရှိတယ်” လို့ ဆောနယ် ဒေသခံတဦးကပြောပါတယ်။
လေပြင်းတိုက်ခတ်တာကြောင့် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနဲ့ နေအိမ်ဆယ်လုံးကျော်ပျက်စီးခဲ့သလို သက်ကြီးရွယ်အိုအမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ပျက်စီးသွားတဲ့နေအိမ်အဆောက်အဦတွေကိုတော့ ဒေသခံတွေဟာ ကိုယ်ထူ ကိုယ်ထဝိုင်းဝန်းပြင်ဆင်ဖို့လုပ်ဆောင်နေကြတယ်လို့သိရပါတယ်။