မုံရွာအမြင့်လမ်းဘေး ကျေးရွာတစ်ရွာတွင် နိုင်ငံရေးဟောပြောပွဲပြုလုပ်
ရန်ကုန်၊ မေ ၁၁
မုံရွာအမြင့်လမ်းဘေး ကျေးရွာတစ်ရွာတွင် မုံရွာအမြင့်လမ်းသပိတ်ကော်မတီ ၊မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မုံရွာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တို့ ပူးပေါင်းကာ
လူထုသိအပ်သော လက်ရှိနိုင်ငံရေးအခင်းအကျင်း၊ လက်ရှိတော်လှန်ရေးအခြေအနေ၊ တော်လှန်ရေးအတွင်း လူထုပါဝင်မှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ စသည့် အကြောင်းအရာများကို ပြည်သူများအား ယနေ့ မေ ၁၁ ရက်နေ့တွင် ဟောပြောခဲ့ကြသည်။