28 C
Yangon

KNU လယ်ဒိုမြို့နယ်ရှိ စာသင်ကျောင်း၊ ဘုရားကျောင်းအပါအဝင် နေအိမ် ၄၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

KNU လယ်ဒိုမြို့နယ်ရှိ စာသင်ကျောင်း၊ ဘုရားကျောင်းအပါအဝင် နေအိမ် ၄၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန်၊‌ မေ ၁၁

KNU – ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင် တပ်မဟာ ၃ ၊ လယ်ဒိုမြို့နယ် အတွင်း၌ အကြမ်းဖက်စစ်တပ်က စာသင်ကျောင်း၊ ဘုရားကျောင်းအပါ အဝင်နေအိမ် အလုံး ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း KNU ဗဟိုထံမှ သိရသည်။

မေလ ၉ ရက် နံနက် ၅ နာရီခွဲခန့်က ခလယ်ထွီခရိုင် တပ်မဟာ ၃ အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက် လာသော အကြမ်းဖက်စစ်တပ်မှ ပိုးလိုနိုဖိုးကျေးရွာမှ နေအိမ် ၂ လုံး၊ လယ်ဝိုင်းကြီးကျေးရွာမှ ရွာလုံး ကျွတ် ၄၂ လုံး၊ စာသင်ကျောင်းတစ်ကျောင်း၊ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း၊ မူကြိုကျောင်းနှင့် ဘုံ ပစ္စည်းထားရာနေရာ အဆောက်အဦးအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၄ ရက်နေ့ကလည်း ကေအဲန်ယူ-မူးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာတွင်းသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ် ၁၈ လုံး မီးလောင် ပြာကျခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နေအိမ်များမီးလောင်မှုကို ငြှိမ်းသတ်ရန် ကျေးရွာနေပြည်သူလူထုမှ ကျေးရွာအတွင်း ပြန်လည် ဝင် ရောက် ရန် ကြိုးစားခဲ့သော်လည်း အကြမ်းဖက်စစ်တပ်မှ ကျေးရွာအတွင်း နေထိုင်စောင့်ကြည့်နေသဖြင့် နေအိမ်မပြန်ရဲပဲ နေအိမ်အသုံးအဆောင်ပစ္စည်းများအားလုံး မီးလောင်ပြာကျခဲ့ရသည်ဟု ဆိုသည်။

အကြမ်းဖက်စစ်တပ်မှ နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ တွေ့ရာလူ ဖမ်း ဆီးနှိပ်စက်ခြင်း တို့ကြောင့် KNU – ကေအဲန်ယူ – လယ်ဒိုမြို့နယ်၊ လယ်ဝိုင်းကြီးကျေးရွာနှင့် ပိုးလိုးနိုဖိုး ကျေးရွာ၌ နေထိုင်သူ ပြည်သူ ၁၂၀၆ ဦး၊ ကေအဲန်ယူ−မူးမြို့နယ်၊ ရန်မျိုးအောင်ကျေးရွာတွင် နေထိုင်သူ ပြည်သူ ၁၀၂၀ ဦးတို့မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှ ယနေ့အထိ ကျေးရွာများအတွင်းသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်းမရှိပဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article