ဟားခါးမြို့နယ်ရှိ CDF -Sentang ဌာနချုပ်စခန်းနှင့် ခွာပီးကျေးရွာကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ
ရန်ကုန်၊ မေ ၁၁
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ CDF -Sentang ဌာနချုပ်စခန်းနှင့် ခွာပီးကျေးရွာကို အကြမ်းဖက် စစ်တပ် က တိုက်လေ ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း CDF -Sentang မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ မေလ ၁၁ ရက် နံနက် ၁၂ နာရီ ၅ မိနစ်ခန့်က အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာ တိုက်လေ ယာဉ် တစ်စီးဖြင့် ခွာပီးကျေးရွာကို စတင်ကျဲချပြီးနောက် CDF -Sentang ဌာနချုပ်ကို ဆက်လက်ကျဲချ ခဲ့ကြောင်း၊ ဗုံဂကြဲခံရမှုကြောင့် ထိခိုက်ပျက်စီးမှုအခြေ အနေ မသိရသေးကြောင်း သိရသည်။
“ဖုန်းလိုင်းတွေဖြတ်ခံထားရတာ တစ်လလောက်ရှိပြီ၊ အဲဒါကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေက မသိရ သေးဘူး၊ ဗုံးကျဲချတာတော့ ၅ လုံးလောက်ရှိမယ်၊ ခွာပြီးကျေးရွာကို အရင်စကျဲပြီးမှ CDF -Sentang ဌာန ချုပ်ကို ကျဲတာပေါ့” ဟု CDF -Sentang မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
လက်ရှိမြေပြင်နေအထားအရ Senthang နယ်အတွင်းရှိ ဟားခါး- မတူပီလမ်း၌ လုံခြုံမှုမရှိသေးသဖြင့် အများပြည်သူလုံခြုံရေးအတွ်က ယနေ့ ယာယီပိတ်ထားကြောင်း CDF-Senthang သတင်းနှင့်ပြန် ကြား ရေးဌာနက ထုတ်ပြန်ထားသည်။