24 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၁၁ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၁ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းကတော့

-မကွေး၊ စစ်ကိုင်း ၊ မန္တလေး၊ ပဲခူး နဲ့ ဧရာ၀တီ တိုင်းတွေမှာရှိတဲ့ ရေနံမှော် နဲ့ ရေနံချက်ဖို လုပ်ငန်းတွေကို PDF တပ်ဖွဲ့တွေကနေ စိုးမိုးထားတာကြောင့် အကြမ်းဖက် စစ်ကောင်စီက လိုင်စင်ထုတ်ပေးမှု နဲ့ လိုင်စင် သက်တမ်းတိုးမှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့ ကြေညာထားပါတယ်။

– စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သား နဲ့ ပျူစောထီးတွေရှိတဲ့ အထိုင် စခန်း ၄ ခုကို PDF တပ်ဖွဲ့တွေကနေ ရှော့တိုက်ဒုံးတွေ ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက် ခိုက်ရာမှာ အကြမ်းဖက်စစ်ကောင်စီဘက်က အရာရှိ ၂ ဦးအပါအဝင် ၁၀ ဦးဝန်းကျင် သေသွားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကနေ တရားဝင် ထုတ်ပြန်ထားပါတယ်။

– KNU – ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ နယ်မြေက လယ်ဒိုမြို့နယ် အတွင်းမှာရှိတဲ့ စာသင်ကျောင်း၊ ဘုရားကျောင်းအပါ အဝင်နေအိမ် အလုံး ၄၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article