24 C
Yangon

ဘုတလင်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ ပုလဲမြို့ပေါ်၌ တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ဘုတလင်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ ပုလဲမြို့ပေါ်၌ တပ်စွဲထားသော စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘုတလင်မြို့မှ အလုံ နမခ တပ် သို့ ပြန်လာစဥ် လမ်းပိုင်း တစ်နေရာ၌ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ အသေအပျောက် ရှိနိုင်ကြောင်း သိရသည်။

“ညဦးပိုင်းက ၂နာရီလောက်ကတည်းက ဘုတလင်မြို့တစ်ခုလုံးကို မီးမှိတ်ပြီး ဘုတလင်မြို့တောင်ဘက်ကို သူခိုးကျင့်၊ သူခိုးအကြံနဲ့ထွက်လာတာ။ အင်အား၄၀လောက်ပါမယ်။သူတို့ ဘယ်လောက် သူခိုးကျင့်၊သူခိုးအကြံနဲ့ ဘယ်အချိန်ထွက်ထွက် သူတို့ဘက်မှာ ကျွန်တော်တို့ ဖရဲသီးက စိတ်ချရပြီးသား။အချိန်နဲ့တစ်ပြေးညီ သတင်းကကျွန်တော်တို့ဘက်ရောက်ပြီးသား။ပို့တာကမြန်တော့ ကျွန်တော်တို့အတွက် ပြင်ဆင်ချိန်ရတယ်။ဒီနေ့ မနက်ခင်း၉နာရီလောက်ရောက်တော့ ဇီးတောရွာမြောင်ဘက်ကနေ တည်စောင့်ပြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာပါ။စစ်ခွေးအသေအပြောက်ကတော့ ရှိနိုင်တယ်။အတိကျတော့မပြောနိုင်သေးဘူး။ကိုယ့်ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး”ဟု ဘုတလင် ပြည်သူ့ကာကွယ်ရေး ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။

ပြည်သူကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်သည် လက်ရှိတွင် ဇီတောစံပြရွာထဲ ဝင်ရောက်တပ်စွဲနေကာ ချက်ပြုတ်စားသောက်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၉ ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း Chindwin Toe Na Yar PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်မှ ည ၁၀ နာရီ အထိ ပုလဲမြို့ပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ကို တော်လှန်ရေး တပ်ဖွဲ့များက ၆၀ မမ၊ ၈၀ မမ၊ ၉၀ မမ လက်နက်ကြီးများ၊ တစ်ဖက်ပွင့် ပြောင်းတိုက်များ၊လက်နက်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေဘက်က ၉ ကောင် အထိအခိုက်အပြင်းအထန် ဒဏ်ရာ ရရှိတယ်။ စစ်ခွေးက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်လှန် ပစ်ခတ်ပေမယ့် ပြည်သူ့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်” ဟု Chindwin Toe Na Yar PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Chindwin Toe Na Yar PDF၊ ကျောင်းသားသမဂ္ဂအဖွဲ့၊ Real Hero၊ ပုလဲဂျော်ကာ၊ မုဆိုးလေးနှင့် သခင်ဒေါင်းညို စသည့် တော်လှန်ရေး မဟာမိတ်ညီနောင်အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article