28 C
Yangon

ဗန်းမောက်မြို့နယ်တွင် စစ်တပ်နှင့် SNAတို့ ပူးပေါင်းပြီး နေအိမ် ၁၀ အိမ်လျှင် တပ်သားသစ် ၁ ဦးနှုန်း အတင်းအကျပ် စုဆောင်းနေ

Must read

ဗန်းမောက်မြို့နယ်တွင် စစ်တပ်နှင့် SNAတို့ ပူးပေါင်းပြီး နေအိမ် ၁၀ အိမ်လျှင် တပ်သားသစ် ၁ ဦးနှုန်း အတင်းအကျပ် စုဆောင်းနေ

ရန်ကုန်၊ မေ ၁၁

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်နှင့် SNA တပ်ဖွဲ့ ဝင်များက နေအိမ် ၁၀ အိမ်လျှင် တပ်သားသစ် ၁ ဦး နှုန်း မပေးမနေရ အတင်းအကျပ် စုဆောင်း နေကြောင်း Bamauk Revolution -BR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဗန်းမောက်မြို့နယ်အတွင်းရှိ SNA တပ်ဖွဲ့ဝင်များကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် ၅၀၀ ထောက်ပံ့ကာ အကြမ်းဖက်စစ်တပ်နှင့် SNA တပ်ဖွဲ့ဝင်များမှ နယ်မြေလှည့်လည် နေပြီး ၎င်းတို့ဝင် ရောက်သွားသော ကျေးရွာများမှ တပ်သားသစ်များ မပေးမနေရ ခေါ်ဆောင်နေပြီး မေလ ၉ ရက်နေ့ ကလည်း ခေါ်ယူရရှိသော တပ်သားသစ်များကို ကား ၃ စီး ဖြင့်တင်ဆောင်သွားကြောင်း သိရသည်။

“ဗန်းမောက် အနောက်ခြမ်းက SNA ၊ စစ်ကောင်စီထိန်းချုပ်ထးတဲ့ နယ်မြေတွေမှာ ကျေးရွာ တွေကို ၁၀ အိမ် ခေါင်းတစ်ခေါင်းလျှင် လူတစ်ယောက်နှုန်း မဖြစ်မနေပ ပါဝင်ရမယ်ဆိုပြီးမှ တပ်သားသစ်စုဆောင်း နေ တယ်၊ ရှမ်းရွာတော်တော်များကို အစည်းဝေးခေါ်ပြီးတော့ ၁၀ အိမ်ခေါင်းတစ် ခေါင်းကို လူတစ် ယောက်နှုန်းပါရမယ်ဆိုပြီး ရွာတွေတော်တော်များများကို လှည့်လည်ပြီး တပ်သားခေါ် ယူစုဆောင်းနေ တာပါ”ဟု Bamauk Revolution -BR မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဗန်းမောက်မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်တပ်၊ SNA တပ်ဖွဲ့တို့နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များကြား မကြာခဏတိုက်ပွဲဖြစ်ကာ အကြမ်းဖက်စစ်သား၊ SNA တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများပြား ပြီး အချို့တိုက်ပွဲများ၌ လေယာဉ်ဖြင့် ပစ်ကူပေးတိုက်ခိုက်ရသည်အထိ အခြေအနေဆိုးရွာနေကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article