Breaking News- ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာမှ ကလေးငယ် ၇ ဦး အပါအဝင် ပြည်သူ ၁၇ ဦးကို စစ်တပ်က အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်
ရန်ကုန်၊ မေ ၁၁
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာသားမှ ကလေးငယ် ၇ ဦးအပါအဝင် ပြည်သူ ၁၇ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသကာကွယ်ရေး PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ ညနေ ၅ နာရီခန့် အထိ ထန်းတပင်မြို့နယ် ညောင်ပင်သာကျေးရွာ မြောက်ကမ်း အနီး အကြမ်းဖက် စစ်တပ်နှင့် KNU၊ PDF ပူးပေါင်းမဟာ မိတ်တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားသောကြောင့် ကျေးရွာနေ ပြည်သူ အသက် ၁၀ နှစ်အောက် ကလေးငယ် ၇ ဦးအပါအဝင် ပြည်သူ ၁၇ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
” အကြမ်းဖက် စစ်ခွေးတွေက အထိနာပြီး အပြစ်မဲ့ ပြည်သူ ၁၇ ဦး မီးရှို့ သတ်ဖြတ် သွားတယ်။ သေဆုံးသူတွေထဲမှာ အရွယ်မရောက်သေးတဲ့ ၁ ၀နှစ်အောက် ကလေးငယ် ၇ ဦးပါတယ်။ သေဆုံးသူတွေက ညောင်ပင်သာကျေးရွာ မြောက်ကမ်းက သူတွေပါ နာမည်တွေက စိစစ်နေတုန်းပဲ ထိတွေ့မှု တိုက်ပွဲတွေက အခုထိ ဖြစ်နေတုန်းပါ။ သေဆုံးသွားတဲ့ ရွာသူရွာသားတွေအတွက် ကျွန်တော်တို့ PDF မဟာမိတ် တပ်ဖွဲ့က များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ အဲအတွက် ကျွန်တော်တို့ PDF ပူးပေါင်း မဟာမိတ် တပ်ဖွဲ့က အဆုံးအထိ တော်လှန်သွားမယ်လို့ပြောချင်တယ်” ဟု ဒေသကာကွယ်ရေး PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦးက ပြောဆိုသည်။