28 C
Yangon

ထန်းတပင် မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ဦးသေဆုံးကာ စစ်ဗိုလ် ၃ ဦး အရှင်ဖမ်းမိ

Must read

ထန်းတပင် မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ဦးသေဆုံးကာ စစ်ဗိုလ် ၃ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ မေ ၁၁

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၂၀ ဦး သေဆုံးကာ စစ်ဗိုလ် ၃ ဦး အရှင်းဖမ်းမိခဲ့​ကြောင်း ဒေသကာကွယ်ရေး PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စတင်ကာ ညနေ ၅ နာရီအထိ ထန်းတပင်မြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး KNU၊ PDF ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း သေဆုံးကာ စစ်ဗိုလ် ၃ ဦး အရှင် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း သေဆုံးသွားသော စစ်သား အလောင်းများကို ညောင်ပင်သာကျေးရွာရှိ ပြည်သူပိုင် နေအိမ် ခြံများအတွင်း မြေမြုပ်သွားပြီး ကျေးရွာသား ကလေး ၇ ဦးအပါအဝင် ပြည်သူ ၁၇ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်သွား​ကြောင်း သိရှိရသည်။

“မေလ ၁၀ ရက်နေ့ နံနက် ၁၀ နာရီကနေ စပြီး ညနေ ၅ နာရီထိ ထိတွေ့ တိုက်ပွဲ ၅ ကြိမ် ဖြစ်ပွားပြီး စစ်ခွေးတွေဘက်က ၂၀ ဦး ထက်မနည်း သေတယ်။ ဒဏ်ရာရတာ ၁၀ ဦး၊ စစ်ဗိုလ် အရာရှိ အဆင့် ၃ ဦး အရှင်ဘဖမ်းမိတယ်။ စစ်ခွေးတွေက အထိနာတော့ ကလေးငယ် ၁၀ ဦးအပါအဝင် ပြည်သူ ၁၇ ဦးကို မီးရှို့ သတ်ဖြတ် သွားတယ်။ သေဆုံးသွားတဲ့ စစ်သား အလောင်းတွေကို ကျေးရွာထဲက အိမ်ခြံတွေ ထဲမှာ မြုပ်သွားတယ်” ဟု ဒေသကာကွယ်ရေး PDF တပ်ဖွဲ့မှ ရဲဘော် တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article