ချောင်းဦး၊ ငါးယှန်ရွာကို စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေ
ရန်ကုန်၊ မေ ၁၁
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညပိုင်း မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၁ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းဘေးရှိ ငါးယှန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများနှင့် ပစ်ခတ်ပြီး ဝင်ရောက် စီးနင်းမီးရှို့နေခြင်း ဖြစ်ကြောင်း သိရသည်။
” ချောင်းဦးမြို့နယ် မုံရွာ-မန္တလေး လမ်းဘေး မှာရှိတဲ့ ငါးယှန်ရွာကို စစ်ခွေးတွေ လက်နက်ကြီးတွေနဲ့ ပစ်ပြီး မီးဝင်ရှို့နေပါတယ်။ ပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်။ မြေပြင် အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။