24 C
Yangon

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် PDF များ လက်နက်ဖြင့် အလင်းဝင်လျှင် ဆုငွေ ချီးမြှင့်ဆိုသော စာများ ဓာတ်တိုင်နှင့် ကားမှတ်တိုင်များတွင် စစ်တပ်က လိုက်ကပ်

Must read

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် PDF များ လက်နက်ဖြင့် အလင်းဝင်လျှင် ဆုငွေ ချီးမြှင့်ဆိုသော စာများ ဓာတ်တိုင်နှင့် ကားမှတ်တိုင်များတွင် စစ်တပ်က လိုက်ကပ်

ရန်ကုန်၊ မေ ၁၂

ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးများတွင် PDF များ လက်နက်ဖြင့် အလင်းဝင်လျှင် ဆုငွေ ချီးမြှင့်ဆိုသော စာများ ဓာတ်တိုင်နှင့် ကားမှတ်တိုင်များတွင် စစ်တပ်က လိုက်ကပ်နေကြောင်း ဒေသပြည်သူတချို့က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက PDF များ အပါအဝင် လက်နက်ကိုင်အဖွဲ့များတွင် ရောက်ရှိနေသူများအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ကြရန်၊ လက်နက်နှင့်ခဲယမ်းများ ယူဆောင်လာပါက ဆုကြေးငွေ ၂ သိန်းမှ ၇၅ သိန်းကျပ်အထိ ပေးမည်ဟု မေလ ၉ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ယခုအခါ အဆိုပါ ကြေညာချက်ကို မြို့ကြီးများရှိ လူစည်ကားရာ ဓာတ်တိုင်၊ ကားမှတ်တိုင်များတွင် လိုက်လံ ကပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“မန္တလေးမှာတော့ စစ်တပ်က ကြောက်ချီးပန်းပြီး စာတွေလိုက်ကပ်နေပါတယ်။ ဓာတ်တိုင်တွေမှာ။ ပျူခွေးတွေလည်း ပါတယ်။ စာကပ်တဲ့အထဲမှာ။ ကား၃စီးနဲ့ စစ်ခွေး ၈ ယောက်၊ သေနတ်တွေရော ဓားတွေရော လွယ်ပြီး စာတွေ လိုက်ကပ်နေတာ” ဟု မန္တလေးဒေသခံတစ်ဦးက မေလ ၁၁ ရက်နေ့ စစ်တပ်က စာလိုက်ကပ်မှု မြင်ကွင်းမြင်တွေ့ရပုံကို ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရန်ကုန်မြို့တွင်လည်း ယင်းစစ်ကောင်စီ၏ PDF များကို ပြန်လည် ဖိတ်ခေါ်သည့် ကြေညာချက်ကို လူစည်ကားရာ နေရာများ၊ ကားမှတ်တိုင်များ၊ ဓာတ်တိုင်များ ကပ်ခြင်း၊ ဖြန့်ဝေခြင်းပြုလုပ်ရန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များထံ အကြောင်းကြားမှုများရှိကြောင်း သိရှိရသည်။

“မြို့နယ်က PDF တွေ လက်နက်နဲ့လာရင် ဆုပေးမယ်ဆိုတဲ့ ကြေညာချက်တွေ ကပ်ခိုင်းတယ်။ ကျနော်တို့ မကပ်ရဲဘူး။ လုံခြုံရေး မရှိဘဲ သွားကပ်ရင် ကိုယ့် အလုပ်ခံရမှာပေါ့။ မြို့နယ်က ဆင်းလာရင်တော့ အဖော်လိုက်ပေးရမယ်ထင်တယ်” ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ရပ်ကွက် ရာအိမ်မှူးတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက လက်နက်ကိုင်ဆောင်ခွင့်ဥပဒေနှင့်ကြေညာချက်၊ PDF များ လက်နက်နှင့် အလင်းဝင်လျှင် ဆုကြေးငွေပေးမည်ဆိုသော ကြေညာချက်တို့ကို မေလ ၁၉ ရက်နေ့တွင် ရှေ့ဆင့် နောက်ဆင့် ထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article