26 C
Yangon

မြိုင်တွင် စစ်တပ်၏ ရိက္ခာ ကားနှင့် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ကားကို မီးရှို့ ဖျက်ဆီး

Must read

မြိုင်တွင် စစ်တပ်၏ ရိက္ခာ ကားနှင့် ကင်းပုန်းကို မိုင်းဆွဲ တိုက်ခိုက်မှု ၁ ဦးသေဆုံးပြီး ကားကို မီးရှို့ ဖျက်ဆီး

ရန်ကုန်၊ မေ ၁၂

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ရိက္ခာ ကားနှင့် ကင်းပုန်းများကို PDF များက မိုင်းဆွဲ တိုက်ခိုက်ရာ ၁ ဦးသေဆုံးပြီး ရိက္ခာ ပစ္စည်းများနှင့် ကားကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၁၁ ရက် နံနက် ၇ နာရီခန့်အချိန် သရက်ကန်ရွာတောင်ဘက်တွင် ကင်းပုန်းယူရန် ထွက်လာ သော ပျူစောထီးများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ကိုလတ်ဆိုသူ နေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့နောက် သရက်ကန် ပျူစောထီးစခန်းမှ ပခုက္ကူသို့ ရိက္ခာယူရန် ထွက်လာသော ရိက္ခာ ကားတစ်စီးကို သရက်ပန်(ပျူ)ရွာနှင့် တွင်းမရွာ အကြားတွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကားမှာ လုံး ဝထိခိုက် ပျက်စီးရပ်တန့်သွားပြီး ပျူစောထီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ထပ်မံ၍ ဒဏ်ရာရ ပျူစောထီးများကို ဒရုန်းဖြင့် ဗုံးသီး ၅ လုံးဖြင့် ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သား၊ ပျူစောထီး ထိခိုက်သေဆုံးမှု မသိရသေးဘဲ သိမ်းဆည်း ရရှိသော ကားနှင့် ပစ္စည်းများကို မီးရှို့ဖျက်ဆီးပစ်ခဲ့သည်ဟု ဆိုသည်။

ယင်းတိုက်ခိုက်မှုများကို မြိုင်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ တပ်ရင်း ၁ – တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ (ဂဠုန်) ၊ KMDF(ကမ္မဒေသကာကွယ်ရေးတပ်ဖွဲ)၊ အလင်း တန်းပြောက်ကျားတပ်ဖွဲ ၊ ဘီးလုံးငှက်တပ်ဖွဲ ၊ TYK ပြောက် ကျားတပ်ဖွဲ နှင့် ဧရာအနောက်တပ်ဖွဲ စသော ပကဖ ပူပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ မေလ ၉ ရက် နံနက် ၅ နာရီအချိန်တွင် အိုရင်းရွာမှ ထွက်လာသော အကြမ်းဖက်စစ်ကြောင်းကို အိုရင်း ရွာမြောက်ဖက်တွ မြိုင်ပကဖ တပ်ခွဲ ၂ ၊ ဘီလုံးငှက်တပ်ဖွဲတို့က ချုံခိုတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article