စစ်တွေမှာ ရွှေစေတီဆရာတော်နဲ့ ရခိုင်စစ်ကောင်စီတို့ ဦးဆောင်ပြီး မိုခါ မုန်တိုင်း မဝင်စေဖို့ ယတြာနဲ့ အရှင်ဥပဂုတ္တဖောင်ကို ရေမြောေြ
ရန်ကုန်၊ မေ ၁၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ရွှေတော်စေတီဆရာတော် အပါအဝင် သံဃာတော် ၃ ပါးနှင့် ရခိုင်ပြည်နယ်စစ်ကောင်စီအဖွဲ့တို့က ရခိုင်ကမ်းရိုးတန်းဒေသများသို့ မိုခါမုန်တိုင်းမဝင်ရောက်နိုင်ရန် ပင်လယ်ထဲသို့ အရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ်ကို ရတနာဃာရကျောင်းဖောင်တော်ဖြင့် ပင့်ဆောင်၍ စေလွှတ်ပြီး အန္တရာယ် ကင်း ပရိတ်ပဌာန်းရွတ်ဖတ်နေကြောင်း သိရသည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)