ချောင်းဦးမြို့ပေါ်ရှိ ပွဲရပ် ရပ်ကွက်ကို စစ်တပ်က မီးရှို့ပြီးနောက် ဓားစာခံ ဖမ်းဆီးထားသော ပြည်သူများကို PDF ရှို့တာဟု အော်ဟစ်ခိုင်းပြီး ဗီဒီယို ရိုက်ကူးသွား
■ ပွဲရပ် ရပ်ကွက်ကို စစ်တပ် မီးရှို့မှု နေအိမ် ၅ လုံးကျော် ပြာကျပြီး တစ်မြို့လုံးကို အင်တာနက် ဖြတ်တောက်ထား
ရန်ကုန်၊ မေ ၁၂
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်ရှိ ပွဲရပ် ရပ်ကွက်ကို စစ်တပ်က မီးရှို့ပြီးနောက် ဓားစာခံ ဖမ်းဆီးထားသော ပြည်သူများကို PDF ရှို့တာဟု အော်ဟစ်ခိုင်းပြီး ဗီဒီယို ရိုက်ကူးသွားကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၁၁ ရက်နေ့ ည ၇ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ချောင်းဦးမြို့ပေါ် ပွဲရပ် ရပ်ကွက်ရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ရပ်ကွက်နေ ပြည်သူတချို့ကို ရတနာရွှေဂူဘုရားကြီးထဲ၌ ဓားစာခံ အဖြစ် ဖမ်းဆီးကာ PDF တပ်ဖွဲ့များက မီးရှို့တာ ဟု အော်ဟစ် ပြေးလွှာခိုင်းပြီး ဗီဒီယို ရိုက်ကူးသွားကြောင်း သိရသည်။
” ချောင်းဦးမြို့ ပွဲရပ် ရပ်ကွက်ကို ညက စစ်ခွေးတွေ မီးရှို့သွားတာ နေအိမ် ၅ လုံးကျော် မီးလောင်ပြာကျသွားတယ်။ နေအိမ် ဆုံးရှုံးမှု အတိအကျတော့ မသိရသေးဘူး။ စစ်ခွေးတွေက အခု သွားလာခွင့်မပေးဘူးလမ်းတွေကိုပိတ်ထားတယ်။ တစ်မြို့လုံးကိုလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။
Photo – အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပွဲရပ် ရပ်ကွက်အား ယမန်နေ့ ညပိုင်းက တွေ့ရစဥ်