ဂန့်ဂေါမြို့နယ်၊ တောင်ခရမ်းကျေးရွာ စစ်ဆေးရေးဂိတ်မှာ စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ် သိန်းဇော် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ မေ ၁၂
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခရမ်းကျေးရွာ စစ်ဆေးရေးဂိတ်တွင် တာ ဝန် ကျနေသည့် စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ် သိန်းဇော် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဂန့်ဂေါ စုပေါင်း ပကဖအဖွဲ့က ပြောသည်။
မေလ ၁၁ ရက်နေ့ နံနက် ၈ နာရီအချိန် ဂန့်ဂေါမြို့နယ်၊ တောင်ခရမ်းရွာ အလယ် ခန့်တွင် စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ် သိန်းဇော်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး နေရာတွင်ပင် ပွဲချင်း ပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။
ဒုအရာခံဗိုလ် စစ်ထောက်လှမ်းရေး သိန်းဇော်ကို ပစ်ခတ်ခဲ့ပါတယ်။ ပွဲချင်းပြီး သေဆုံးတယ်။ ဆိုင်ကယ်တစ်စီးလည်း သိမ်းဆည်းရမိပါတယ်။ သူက တောင်ခရမ်းရဲစခန်းနား စစ်တပ် စစ်ဆေးရေးဂိတ်မှာတာဝန်ကျသူဖြစ်တယ်” ဟု ဂန့်ဂေါမြို့နယ် စုပေါင်း ပကဖက ပြောဆိုသည်။
ဓာတ်ပုံ- ပစ်ခတ်ခံရပြီး သေဆုံးသွားသော စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ် သိန်းဇော်။