26 C
Yangon

ဟားခါးမြို့၊ မာလ်ဆောမ်ရွာရှိ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူ ဖျက်ဆီးသွား

Must read

ဟားခါးမြို့၊ မာလ်ဆောမ်ရွာရှိ ပြည်သူပိုင် ပစ္စည်းများကို စစ်တပ်က ခိုးယူ ဖျက်ဆီးသွား

ရန်ကုန်၊ မေ ၁၂

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ မာလ်ဆောမ်ကျေးရွာကိုအကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ မှ စစ်သားများက ဖောက်ထွင်းပြီး နေအိမ်ရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ ဖျက်ဆီးသွားကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် The Chin Journal ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ စစ်ကြောင်းသည် ဂန့်ဂေါဘက်မှ တက်လာပြီး မေလ ၅ ရက်နေ့တွင် မာလ်ဆောမ်ကျေးရွာကို ဝင်ရောက်ခဲ့ကာ ၅ရက် ကြာတပ်ဆွဲခဲ့ခြင်း ဖြစ်ကြောင်း ၊မာလ်ဆောမ်နှစ်ခြင်းဘုရားကျောင်းနှင့် ယုံကြည်သူအသင်းတော် ဘုရားကျောင်းများတွင် ညအိပ်ကာ ဘုရားကျောင်းထဲတွင် ချက်ပြုတ်စားသောက်ခြင်းများ ပြုလုပ်ခဲ့​ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို ဝင်ရောက် မွှေနှောက် ခိုးယူ ဖျက်ဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မာလ်ဆောမ်ရွာသို့ မ၀င်ရောက်မီတွင် တိုက်လေယာဉ်နှင့် ရွာထဲသို့ ၂ ကြိမ် ဗုံးကျဲ ခဲ့ပြီး ရွာထဲရှိ နှစ်ခြင်းဘုရားကျောင်းအဆောက်အအုံနှင့် လူနေအိမ်အချို့ကို ပျက်စီးခဲ့ကြောင်း သိရှိရသည်။

မာလ်ဆောမ်ကျေးရွာသည် ဟားခါးမြို့နှင့် ၃၅မိုင်ခန့်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၅၀ ခန့် လူဦးရေ ၂၅၀ ၀န်းကျင်ခန့်နေထိုင်သည့် ရွာဖြစ်ပြီး စစ်ကောင်စီကြောင့် ဧပြီလ လ ၃၀ ရက်နေ့တွင် အားလုံး ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရခြင်း ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်း သည် မေလ ၉ရက်နေ့တွင် မာလ်ဆောမ်ရွာမှ ဟားခါးမြို့ဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article