Khit Thit သတင်းဌာန၏ မေ ၁၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့
-မိုခါ မုန်တိုင်း ဖြတ်သန်းမယ့် ရခိုင်ဒေသက ပြည်သူ ၁ သောင်းကျော်ကို ရခိုင့်တပ်တော် AA က ဘေးကင်းရာ ပြောင်းရွှေ့ပေးနေပေမယ့်၊ ရခိုင် ပြည်က စစ်ကောင်စီအဖွဲ့ဝင်တွေကတော့ မိုခါ မုန်တိုင်း မဝင်စေဖို့ ယတြာချေပြီး အရှင်ဥပဂုတ္တဖောင်ကို ရေမျှောနေတယ်လို့ သိရပါတယ်။
– မန္တလေးတိုင်း၊ မိုးကုတ်မြို့က အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားတဲ့ ကျပ်ပြင် ရဲစခန်း အပါအဝင် နေရာ ၄ ခုကို KIA PDF တပ်ဖွဲ့တွေကနေ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၁၁ ဦးသေသွားတယ်လို့ မိုးမိတ်ခရိုင် KPDF တပ်ရင်းရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။
– မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခရမ်း- ကျေးရွာက စစ်ဆေးရေးဂိတ်မှာ တာ ဝန် ကျနေတဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က စစ်ထောက်လှမ်းရေး ဒုအရာခံဗိုလ် သိန်းဇော် ဆိုသူကို PDF တပ်ဖွဲ့တွေကနေ ပစ်ခတ်ရှင်းလင်းလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။