ဝန်းသိုမြို့နယ်၊ တောင်ဘို့လှရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၆ ဦးသေဆုံးကာ PDF ၁ ဦးကျဆုံး
ရန်ကုန်၊ မေ ၁၂
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ တောင်ဘို့လှရွာတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား ၆ ဦး သေဆုံး ကာ ဝန်သိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( ဝန်းသို ပကဖ)တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း Kawlin Revolution – KR ထံမှ သိရသည်။
ယမန်နေ့ မေလ ၁၁ ရက်နေ့က ဝန်းသိုမြို့မှ အကြမ်းဖက်စစ်ကြောင်းသည် တောင်ဘို့လှကျေးရွာအတွင်း သို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ဝန်းသို ပကဖ တပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်သတ်ဖြတ်ခံရကာ ကျဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၏ ကိုယ်တိုင်ထုတ် လက်လုပ် ၆၀ မမ၊ ၈၀ မမများဖြင့် ခုခံတိုက်ခိုက်ခဲ့ရာ ၁ နာရီနီးပါး တိုက်ပွဲကြာမြင့်ခဲ့ပြီး အကြမ်း ဖက်စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း သိရ သည်။
အဆိုပါ တိုက်ခိုက်မှုကို ဝန်းသို့မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့(ဝန်းသို ပကဖ )နှင့် ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ကောလင်း ပကဖ) တို့ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအကြမ်းဖက် စစ် ကြောင်းသည် ယနေ့ မေလ ၁၂ ရက်နေ့တွင် ဝန်းသိုမြို့တပ်အတွင်း သို့ ပြန်လည် ဝင်ရောက်သွား ကြောင်း သိရသည်။