ချင်းတွင်းမြစ် သပိတ် စစ်ကြောင်းက တရုတ်အလံကို မီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင် ကန့်ကွက်ကြောင်း ချီတက် ဆန္ဒပြ
ရန်ကုန်၊ မေ ၁၂
ချင်းတွင်း မြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၁၂ ရက်နေ့တွင် တရုတ်အလံကို မီးရှို့ပြီး အကြမ်းဖက် စစ်အုပ်စုကို ထောက်ခံအားပေးနေသည့် တရုတ်အစိုးရကို ဆန့်ကျင် ကန့်ကွက်ကြောင်း ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။