အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မေ ၁၂
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ မေလ ၁၂ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရှားမှုကို “ဓမ္မဟာ ဦးမော့လာနေပြီ ဖြစ်၍ မကြာခင် အဓမ္မ အာဏာရူး အဖွဲ့ဟာ ပြိုကွဲ ပျက်စီးအမြစ်ပြတ်တော့ပါမယ်။ ငါတို့အားလုံး အားစိုက်၍ ပိုရုန်းကြအောင်လား” စာတန်း ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း သိရသည်။