25 C
Yangon

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် စစ်တွေတစ်မြို့လုံး ၉၅ ရာခိုင်နှုန်းနီးပါး ပျက်စီးပြီး မြို့ပျက်ကြီးတစ်ခုလို ဖြစ်သွား

Must read

မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် စစ်တွေတစ်မြို့လုံး ၉၅ ရာခိုင်နှုန်းနီးပါး ပျက်စီးပြီး မြို့ပျက်ကြီးတစ်ခုလို ဖြစ်သွား

■ လူအသေအပျောက် လတ်တလောအထိ မရှိသေးဟု သိရှိထား

ရန်ကုန်၊ မေ ၁၅

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယမန်နေ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြီး၏ တိုက်ခတ်မှု ခံခဲ့ရသော်လည်း လူအသေအပျောက်မရှိဘဲ မြို့ရှိ နေအိမ်နှင့် အဆောက်အအုံများအားလုံး ၉၅ ရာခိုင်နှုန်းပျက်စီးသွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“ဓာတ်တိုင်၊ အိမ်တွေ၊ အဆောက်အအုံတွေ အားလုံး အမိုးတွေလန်တယ်။ တ ချို့ အိမ် အဆောက်အအုံ တွေပြိုကျတယ်။ သစ်ပင်အားလုံးပြိုလဲတယ်။ ကမ်း နားက တာဘောင်လည်း ကျိုးတယ်။ လူအသေအပျောက်တော့ ရှိတယ်လို့ မကြားမိသေးဘူး။ ဒဏ်ရာရတဲ့သူတွေရှိတယ်။ အိမ်ပြိုလို့ သစ်ကိုင်းထိလို့ ဒဏ်ရာရတာတွေတော့ကြားတယ်။ သေတယ်လို့ မကြားဘူး။ အခုတော့ လမ်းတွေ ရှင်းနေကြပြီ” ဟု စစ်တွေ ဒေသပြည်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တွေမြို့တွင် လျှပ်စစ်မီးများ ပြတ်တောက်နေပြီး ဖုန်းလိုင်း အများစုလည်း ပြတ်တောက်နေဆဲဖြစ်ကြောင်း၊ မုန်တိုင်းဒဏ်သင့် စစ်တွေမြို့သည် မြို့ပျက်ကြီးတစ်ခုကဲသို့ဖြစ်နေကြောင်း၊ လတ်တလော ရာသီဥတုကောင်းမွန်သော်လည်း ပုံမှန်အနေအထား ပြန်လည်ရောက်ရှိရေးနှင့် ပြန် လည်ထူထောင်ရေးအတွက် လချီ ဆောင်ရွက်ရမည့် အခြေအနေ ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်တွေမြို့မြင်ကွင်းများကို ဒေသပြည်သူများ လူမှုကွန်ရက်တွင် တင်ထားသည့်ပုံများကို စုစည်းဖော်ပြထားပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article