24 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၁၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းကတော့

-မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့မှာ CDM ကျန်းမာရေးဝန်ထမ်းတွေကို အတင်းအကျပ် ဖိအား ပေးခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြစ်ငယ်မီးရထားစက်ရုံ ဆေးရုံအုပ်ကြီး Non-CDM ဆရာဝန် ဒေါက်တာတင်ချိုချို ဆိုသူ ပစ်ခတ်ရှင်းလင်းခံရပြီး သေသွားတယ်လို့ ဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။

– တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် ၊ မဲနယ်အိုးကျေးရွာအနီးက တံတားမှာ တပ်စွဲ ထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၄ ဦး သေသွားတယ်လို့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့ဆီကနေ သိရပါတယ်။

– ကရင်နီပြည်နယ်မှာ ဖမ်းဆီးရမိထားတဲ့ အကြမ်းဖက် စစ်ကော်စီတပ်သား စစ်သုံ့ပန်း ၁ ဦးကို KNDF ရဲ့ ရဲဘော်တစ်ဦးကနေ ကျဉ်စက်နဲ့ စနောက်ပြီး တို့နေတဲ့ ဗီဒီယိုတစ်ခုဟာ ဧပြီလ ၂၇ ရက်နေ့မှာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီးတဲ့နောက် အဲ့ဒီ့လို စစ်သုံ့ပန်းအပေါ် ကျဉ်စက်နဲ့ စနောက်ကျီစယ်ခဲ့တဲ့ ရဲဘော် ၂ ဉီးကို အရေးယူထားတယ်လို့ အရေးယူထားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article