24 C
Yangon

မြိုင်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

မြိုင်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ မေ ၁၈

မကွေးတိုင်း၊ မြိုင်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁၆ ရက်နေ့က စတင်ကာ အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို ဝင်ရောက်စီးနင်းနေပြီး ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင် နေရပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြည်သူပိုင် ပစ္စည်းများကို ခိုးယူ လုယက်မှုများ ရှိကြောင်း သိရသည်။

” မေလ ၁၆ ရက်နေ့ နံနက်ပိုင်းက စပြီး အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် မြိုင်မြို့မြောက်ပိုင်းရှိ ကျေးရွာများ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ မြိုင်နယ်အတွင်းက ပြည်သူထောင်နဲ့ချီပါတယ် အတိအကျတော့ ကောက်ယူလို့မရသေးဘူး။ စစ်ဘေးရှောင်ရတဲ့ ရွာအရေအတွက်လည်း အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

Photo – Myaing Villages Revolution Front

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article