ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာကို စစ်တပ်က မီးတင်ရှို့နေ
ရန်ကုန်၊ မေ ၁၉
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက် ဆီးနေကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF ထံမှ သိရသည်။
မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ခင်ဦး မြို့နယ်၊ ကံသစ်ကျေးရွာကို မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ပြီး ကျေးရွာအတွင်းတွင် မီးရှို့ခံရမှုကြောင့် ပျက်စီးဆုံးရှုံးသော အိမ်ခြေ အရေအတွက်နှင့် အခြေ အနေ များကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။
လက်ရှိတွင် ကျေးရွာသူ ကျေးရွာသားများ စစ်ဘေးရှောင်နေရပြီး စစ်တပ်က ခင်ဦးမြို့နယ်အတွင်းတွင် စစ်ကြောင်းများခွဲ၍ ကျေးရွာများကို စီးနင်းခြင်းနှင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။