Khit Thit သတင်းဌာန၏ မေ ၂၂ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂၂ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းကတော့
-ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဒီကနေ့ မေလ ၂၂ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က နာမည်ဆိုးနဲ့ ကျော်ကြားသူ စစ် ကောင်စီခန့် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူး တောက်တဲ့ လို့ခေါ်တဲ့ ဇော်လွင် နဲ့ ရာအိမ်မှူး ၂ ဦးတို့ ပစ်ခတ်ရှင်းလင်းခံရပြီး သေသွားတယ်လို့ သိရပါတယ်။
– မကွေးတိုင်း၊ ပခုက္ကူမြို့မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်မ ၁၀၁ က လက်နက် သိုလှောင်ရုံ နဲ့ စစ်ဗိုလ် တန်းလျားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ တပ်အတွင်းထဲထိ ဝင်ရောက်ပြီး မိုင်းခွဲ တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားနိုင်တယ်လို့ Special Guerrilla Force(SGF-Pakokku) တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
– စစ်ကိုင်းမြို့နယ်က အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဆားတောင်မြို့မ ရဲစခန်းကို PDF တပ်ဖွဲ့တွေကနေ မေလ ၂၁ ရက်နေ့ ညနေပိုင်းက ဝင်ရောက် တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောာင် စီဘက်က အရာရှိ ၁ ဦးအပါအဝင် စစ်သား နဲ့ ရဲ စုစုပေါင်း ၁၂ ဦးသေဆုံးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။