33 C
Yangon

တောင်သာရဲစခန်းအနီး တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအစောင့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်

Must read

တောင်သာရဲစခန်းအနီး တရုတ်ဓာတ်ငွေ့ပိုက်လိုင်းအစောင့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ မေ ၂၃

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာ ရဲစခန်း နှင့် မင်းကန်ရွာအနီး တရုတ်ဓာတ် ငွေ့ပိုက်လိုင်းအစောင့် စစ်တပ်ကို ယမန်နေ့ ညပိုင်း ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

မေလ ၂၂ ရက်နေ့ ည ၇ နာရီအချိန် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ တောင်သာရဲစခန်းအနီး တရုတ်ပိုက်လိုင်းအစောင့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားကြောင်း ၊ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီးပစ်ခတ်ချိန်သည် ၁၅ မိနစ် ဝန်းကျင် ကြာမြင့်ကြောင်း ဒေသတော်လှန်ရေးတပ်ဖွဲ့နှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

“ပစ်ခတ်မှုဖြစ်တာက မနေ့ည ၇ နာရီ ဝန်းကျင်မှာ ပစ်ခတ်မှုဖြစ်တာ။ တောင်သာမြို့တောင်ဘက် မင်းကန်ရွာအနီး တရုတ်ပိုက်လိုင်းစောင့် စစ်တပ်တွေနဲ့ ပစ်ကြတာ။ တောင်သာရဲစခန်းနဲ့က ၃ မိနစ်လောက်ပဲ သွားရတဲ့ အကွာအဝေးမှာရှိတာ။ ပစ်ခတ်မှုက အကြာကြီးမဖြစ်လိုက်ဘူး။ အဲဒီနေရာက မြင်းခြံကို ဓာတ်ငွေ့ခွဲပို့တဲ့နေရာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။

တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းအစောင့် စစ်တပ်ကို ပစ်ခတ်မှုဖြစ်စဉ်သည် ညဘက်ဖြစ်ပွားခြင်းဖြစ်၍ တိုက်ပွဲ ဖြစ်စဉ် အသေးစိတ်နှင့် စစ်သား ထိခိုက်သေဆုံးမှု အခြေအနေ မသိရှိရသေးပေ။

ဓာတ်ပုံ- တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စတင်သွယ်တန်းစဉ်က မြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article