ကော့သောင်းမြို့နယ်၊ အောင်ချမ်းသာရွာရှိ ရာအိမ်မှူးနှင့် အရံမီးသတ် တပ်ခွဲမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ မေ ၂၃
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ အောင်ချမ်းသားရွာရှိ ရာအိမ်မှူးနှင့် အရံမီးသတ် တပ်ခွဲမှူးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ အောင်ချမ်းသာ ကျေးရွာမှ ရာအိမ်မှူး တင်သန်းနှင့် အရံမီးသတ် တပ်ခွဲမှူး အေးချိုတို့ကို အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အမည်မသိ သေနတ်သမားများက သေဆုံးသွားသော ရာအိမ်မှူး တင်သန်း နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၂ ဦးလုံး နေရာတွင် သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။