ကြံခင်းမြို့နယ် သပိတ် အင်အားစုများက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်
ရန်ကုန်၊ မေ ၂၄
ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ် သပိတ် အင်အားစုများ ဦးဆောင်ကာ “တစ်ယောက်သေရင် ဆယ်ယောက်မွေးမယ် ခေတ်ဝန်ကိုထမ်း၍ ခေတ်လမ်းကိုရှောက်စို့ စစ်အာဏာရှင်စနစ်မုချကျရှုံးရမည်” စာတန်း ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။