33 C
Yangon

ပခုက္ကူ-ရေစကြို လမ်းတွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆရာ၊ ဆရာမ ၆၀ ဦးကျော် ဖမ်းမိပြီး သတိပေး ပြန်လွှတ်

Must read

ပခုက္ကူ-ရေစကြို လမ်းတွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆရာ၊ ဆရာမ ၆၀ ဦးကျော် ဖမ်းမိပြီး သတိပေး ပြန်လွှတ်

ရန်ကုန်၊ မေ ၂၄

မကွေးတိုင်း၊ ပခုက္ကူ-ရေစကြို လမ်းတွင် စစ်ကောင်စီလက်အောက်ခံ Non-CDM ဆရာ၊ ဆရာမ ၆၀ ဦးကျော်ကို မေလ ၁၈ ရက်နေ့တွင် Young Force UG တပ်ဖွဲ့က ဖမ်းဆီးရမိပြီး သတိပေး၍ ပြန်လွှတ်ခဲ့ကြောင်း အဆိုပါတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၈ ရက်နေ့ ညနေပိုင်း မကွေးတိုင်း၊ပခုက္ကူ-ရေစကြို ကားလမ်းမကြီး ပေါ်တွင် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များက လုံခြုံရေးအရ လမ်းပိုင်းစစ် ဆေးခြင်း ပြုလုပ်နေစဉ် ပခုက္ကူမှ ရေစကြိုဘက်သို့ ပြန်လာသော ကား ၃ စီး

ကို ရပ်တန့်စစ်ဆေးခဲ့ရာ စစ်ကောင်စီ၏ ယန္တရားလည် ပတ်စေရန်ပါဝင် ပေးနေသော Non- CDM ဆရာ၊ဆရာမ ၆၀ ကျော်ကို စစ်ဆေးတွေးရှိရသဖြင့် ခေတ္တထိန်းသိမ်းထားခဲ့ကြောင်း သိရှိရသည်။

သို့ရာတွင် ဆရာ၊ ဆရာမများကို ထိန်းသိမ်းထားရန် အခက်ခဲများ ရှိသည့်အပြင် လက်ရှိဖြစ်ပေါ်နေသော မတရားအာဏာ လုယူခံရမှု အခြေအနေ၊ ဆရာ၊ ဆရာမများထောက်ခံ နေသော အကြမ်းဖက်စစ်တပ်က ကျေးရွာများကို အကြောင်းမဲ့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေမှု၊ CDM ဆရာ၊ ဆရာမများကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ငွေညှစ်နေမှု ၊ နိုင်ငံရေး အသိပညာများကို ရှင်း လင်းပြောဆိုဆုံးမ၍ ပထမဆုံးအကြိမ်နှင့်နောက်ဆုံးအကြိမ် သတိပေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။

Non-CDM ဆရာ၊ ဆရာမများ လိုက်ပါသော ကား ၃ စီးကို သိမ်းယူ၍ လိုအပ် သည့် နေရာများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကျောင်းသုံး ဆက်စပ် ပစ္စည်းများကို စာသင်ကျောင်းများသို့ ပြန်လည်ခွဲဝေပေးခဲ့ကြောင်း၊ ရွှေထည် ပစ္စည်းများ လုံးဝ သိမ်းယူခဲ့ခြင်းမရှိကြောင်း၊ ပျူစောထီးကျေးရွာမှ ဆရာ၊ ဆရာမများ ပါဝင်သော်လည်း တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ ပြန်လွှတ် ပေးခဲ့ ကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article