စဥ့်ကူးနှင့် မတ္တရာမြို့နယ် အစပ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲနေ
ရန်ကုန်၊ မေ ၂၅
မန္တလေးတိုင်း၊ စဥ့်ကူးနှင့် မတ္တရာမြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်နှင့် ၆ နာရီ ၄၀ မိနစ်ခန့်တို့တွင် စဥ့်ကူးနှင့် မတ္တရာမြို့နယ် အစပ်ရှိ ကြက်တူရွေး၊ သဲအင်းနှင့် ကျွန်းကြီး အနီးနားရှိ ကျေးရွာများကို တိုက်လေယာဥ်ဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” မတ္တရာနဲ့ စဥ့်ကူးမြို့နယ် အစပ်က ကြက်တူရွေး၊ သဲအင်းနဲ့ ကျွန်းကြီး ရွာ နီးအနားကို စစ်ခွေးတွေက တိုက်လေယာဥ်နဲ့ ဗုံးကျဲနေတာ တိုက်ပွဲဖြစ်နေတာလည်းရှိတယ်။ ထိခိုက်မှု အခြေအနေတွေတော့ မသိရသေးဘူး အခုလေးတင် ကျဲသွားတာ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။