33 C
Yangon

ယင်းမာပင်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး

Must read

ယင်းမာပင်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း ချင်းတွင်းတိုက်ဂါး- CTPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယနေ့ မေလ၂၅ ရက် နံနက် ၈ နာရီခန့်က ကနီမြို့နယ်၊ အလယ်ကျွန်း ပျုရွာမှ အင်းအား ၂၀၀ခန့် ပါ စစ်ကြောင်းသည် လယ်ရှည်ရွာ၌ တစ်ညအိပ်ခဲ့ပြီး ဘန့်ဘွေးပျုရွာစခန်းသို့ ထွက်ခွာလာစဉ် တိုက်မိုင်း ၃ ပွိုင့် မိပြီး အကြမ်းဖက်စစ်သား၊ ပျူစောထီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ ထို့အပြင် ဘန့်ဘွေးပျူရွာမှ ထွက်ခွာ လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ဘန့်ဘွေးရွာအနီး၌ ပဒေသမိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မိုင်းက အလုံး ၆၀ လောက် ခွဲဖို့ ခင်းထားပေမယ့် မုန်တိုင်းကြောင့် ရေဝင်တာတွေ error တက်တာတွေကြောင့် မိုင်းအကုန် မခွဲနိုင်ခဲ့ဘူး။ အကုန်ပေါက်ကွဲလို့ကတော့ စစ်ခွေးသေစာရင်း ဒီထက်မကဘူး များနိုင်တယ်” ဟု ချင်းတွင်းတိုက်ဂါး- CTPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယင်းတိုက်ခိုက်မှုများအတွင်း သေဆုံးသွားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ယနေ့‌မေလ ၂၅ ရက် ညနေ ၃ နာရီခွဲခန့်တွင် ဘန့်ဘွေးပျုရွာ သုသာန်၌ သေနတ်များ ပစ်ဖောက်ကာ သင်္ဂြိုလ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချင်းတွင်းတိုက်ဂါး – CTPDF ၊ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး၊ ဗိုလ်ဆံရှည် အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article