ပေါင်မြို့နယ်၊ တံခွန်တိုင်ရွာ အတွင်းရေးမှူး စိုးမိ ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ မေ ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ တံခွန်တိုင်ရွာ အတွင်းရေးမှူး စိုးမိ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၂၆ ရက်နေ့ ည ၆ နာရီကျော်ခန့်တွင် တံခွန်တိုင်ရွာ အတွင်းရေးမှူး စိုးမိကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
” ဒီည ပစ်သတ်ခံရတာ သူ့ အမည်က ရွာ အခေါ် ဦးစိုးမိတဲ့ အရင် ကြံဖွတ် လက်ထက်က အုပ်ချုပ်ရေးမှူး NLD ပါတီ လက်ထက်မှာ ပြုတ်ပြီး ကြံ့ဖွတ် အတွက် မဲစွယ်ရေးတွေဘာတွေလုပ်တာ အာဏာလဲသိမ်းရော အုပ်ချုပ်ရေး နေရာမှာ အရေးပါသူ ဖြစ်လာတာ သတိပေးခံရတော့ ငြိမ်နေသေးတယ် အခု ပြန်လာလို့ဖြစ်တာ သူကရွာရဲ့ အုပ်ချုပ်ရေးအဖွဲ့က အတွင်းရေးမှူးပါ” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။