ဒီပဲယင်း အရေးအခင်း နှစ် ၂၀ ပြည့်နေ့အဖြစ် “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” စာတန်း ချိတ်ဆွဲ
ရန်ကုန်၊ မေ ၃၀
ဒီပဲယင်းမြို့နယ်တွင် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့၌ ဖြစ်ပွားခဲ့သော ဒီပဲယင်းအရေးအခင်း နှစ် ၂၀ ပြည့်နေ့အဖြစ် အသက်ပေးသွားသော အာဇာနည် သူရဲကောင်းတို့ အား ဦးညွှတ်ဂုဏ်ပြုပြီး ယနေ့ မေလ ၃၀ ရက်နေ့တွင် “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” စာတန်း ချိတ်ဆွဲခဲ့ကြောင်း သိရသည်။