30 C
Yangon

ဘောလခဲ-ဖားဆောင်းလမ်းပေါ်တွင် ပြည်သူ ကားတစ်စီး ပစ် ခတ်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံး

Must read

ဘောလခဲ-ဖားဆောင်းလမ်းပေါ်တွင် ပြည်သူ ကားတစ်စီး ပစ် ခတ်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံး

ရန်ကုန်၊ မေ ၃၀

ကယားပြည်နယ်၊ ဘောလခဲ-ဖားဆောင်းလမ်းပေါ်တွင် ခရီး သွား အိမ်စီးကားတစ်စီး ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်မှ ရန်ကုန် ခေတ်သတစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့‌ မေလ ၂၉ ရက် နံနက် ၁၀ နာရီခန့်မှ ဘောလခဲမြို့ဘက်မှ ဖားဆောင်းမြို့ဘက်သို့ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးစီးနင်းလိုက်ပါလာသော အိမ်စီးကားတစ်စီးကို လမ်းပိုင်းတနေရာတွင် ပစ်ခတ်ခံရကာ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးကာ အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ၊ သေဆုံးသူအမျိုးသမီးမှာ ၎င်း၏ အမျိုးသားဖြစ်သူနှင့်အတူ ဘောလခဲဆေးရုံမှ ဖားဆောင်မြို့သို့ လမ်းကြုံလိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

“အခုသေတဲ့အမျိုးသမီးနဲ့အမျိုးသားက လမ်းကြုံလိုက်လာတာ၊ ကျည်ထိတာက သူ့အမျိုးသားမဟုတ်ပါဘူး၊ သူတို့နဲ့အတူကားပေါ်မှာပါတဲ့ တခြားအမျိုးသားပဲ၊ ဖားဆောင်းကို ပြန်တဲ့လမ်းမှာဖြစ်တာ၊ ဘယ်နေရာလဲတော့ တိတိကျကျ မသိရဘူး၊ အဆက်အသွယ်လဲ ပြတ်နေတယ်၊ သူတို့ကို ဘယ်အဖွဲ့က ဘယ်ကိုပို့လိုက်လဲ မေးလို့ မရသေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြား သည်။

ဘောလခဲ – ဖားဆောင်းလမ်းပိုင်းအား အသုံးပြုသွားလာခြင်း မပြုကြရန် ယခင်အချိန်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးခဲ့ဖူးကြောင်း၊ ယခုပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့မှ မည့် သည့်အကြောင်းကြောင့် ပစ်ခတ်သည်ကို မသိရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article