အရာတော်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုဟောပြောပွဲ ပြုလုပ်
ရန်ကုန်၊ မေ ၃၁
အရာတော်မြို့နယ်တွင် လူထုသပိတ် ဦးဆောင် ကော်မတီမှ ဦးဆောင်ပြီး စစ်ဘေးရှောင် ပြည်သူများကို စစ်အာဏာရှင် ဆန့်ကျင်ရေး လူထု ဟောပြောပွဲနှင့် ရုပ်ရှင် ပြပွဲ ပြုလုပ်ခဲ့ကြောင်း သရသည်။
စစ်ဘေးရှောင် ပြည်သူများကို ဖက်ဒရယ် ဒီမိုကရေစီနှင့် ပတ်သတ်သည့် အခြေခံ သဘောတရားများ ဟောပြောခြင်း၊ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ရန် အသိပညာပေးခြင်းနှင့် မသောက်မိသော မိုးခါးရေ ဇာတ်ကား ပြသခဲ့ကြောင်း သိရသည်။


