30 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ မိုခါ ဆိုင်ကလုန်း မုန်တိုင်းဟာ မေလ ၁၄ ရက်နေ့မှာ ဖြတ်သန်းပြီးတဲ့နောက် ဒီကနေ့ မနက်ပိုင်း ရရှိထားတဲ့ အချက်အလက်အရ ကျေးရွာတွေ ၊ လူနေအိမ်တွေ အပါအဝင် ဘုန်းကြီးကျောင်းတွေ နဲ့ ဘုရားစေတီတွေပါ ပျက်စီးမှု အလွန်များပြားခဲ့တယ်လို့ ကျောက်တော်ဒေသခံ ပြည်သူတချို့က ပြောပါတယ်။

– ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်မှာလည်း လူနေအိမ်တွေ အားလုံးနီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ မြောက်ဦးမြို့နယ် သဘာဝဘေး အရေးပေါ် ကူညီကယ်ဆယ်ရေး ပရဟိ သမားတစ်ဦးက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။

– စစ်အာဏာသိမ်းစစ်အုပ်စုရဲ့ လေကြောင်းကနေ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို ရပ်တန့် နိုင်ဖို့အတွက် G7 ခေါင်းဆောင်တွေကနေ ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ မြန်မာပြည် သူတွေကနေ တိုက်တွန်းတောင်းဆိုထားတဲ့ အိတ်ဖွင့်ပေးစာ တစ်စောင်ကို အဖွဲ့ ပေါင်း ၁၈၆ ခုကနေ ပေးပို့ တောင်းဆို လိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article