29 C
Yangon

Khit Thit သတင်းဌာန၏ မေ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၁၇ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၁၇ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းကတော့

-KNU ထိပ်ပိုင်းခေါင်းဆောင်အချို့ဟာ ဒုစရိုက် စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သတ်နေပြီး အရေး ယူဆောင်ရွက်ပေးမှု မရှိတာကြောင့် ကေအဲန်ယူဗဟို ကရင် အမျိုးသားအစည်းအရုံးက ကျင်းပတဲ့ ၁၇ ကြိမ်မြောက် ကွန်ဂရက်ကနေ နှုတ်ထွက်ခဲ့တာဖြစ်တယ်လို့ KNU ကရင်အမျိုးသား အစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ (၅) ဌာနချုပ်ကနေ မေလ ၈ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန် လိုက်ပါတယ်။

– တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင် ကျေးရွာက အကြမ်းဖက် စစ်ကောင်စီရဲ့ ဘုရားမဲ့ စစ်ဆေးရေးဂိတ်ကို မေလ ၁၄ ရက်နေ့က တော်လှန်ရေးအင်အားစုတွေကနေ ဝင်ရောက် တိုက်ခိုက် ရာမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ၂ ဦးသေပြီး ၊ ၃ ဦးဒဏ်ရာရသွားတယ်လို့ ထားဝယ် ခရိုင်တပ်ရင်း ၁ ဆီကနေ သိရပါတယ်။

– ကယားပြည်နယ်၊ ဘောလခဲမြို့နယ်မှာရှိတဲ့ စောလုံရွာကို ဒီကနေ့ မေလ ၁၇ ရက်နေ့ မနက် ၄ နာရီ လောက်က အကြမ်းဖက် စစ်ကောင်စီတပ်ကနေ တိုက်လေယာဥ်နဲ့ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် အသက် ၁၇ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးတဲ့အပြင်၊ ကျေးရွာ ဆေးပေးခန်း နဲ့ နေအိမ် ၈ လုံး ပျက်စီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article