30 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ မေ ၂၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၅ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ မေလ ၁၄ ရက်နေ့ကနေ မေလ ၂၃ ရက်နေ့ အထိ ဖြစ်ပွားခဲ့တဲ့ ၉ ရက် ကြာတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က ဗိုလ် ကြီး ၁ ဦး အပါအဝင် အယောက် ၄၀ ဝန်းကျင် သေသွားပြီး ၊ စစ်သုံ့ပန်း ၂ ဦးကို အရှင် ဖမ်းဆီးရမိထားသလို ၊ လက် နက် ခဲယမ်း အမြောက်များ ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ KNDF ကနေ တရားဝင် သတင်းထုတ်ပြန် ထားပါတယ်။

– မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ PDF တပ်ခွဲမှူးကို လာဖမ်းတဲ့ နယ်ထိန်း /ရဲ အောင်သူ ဦးဆောင်တဲ့ စစ် ကြောင်းကို PDF တပ်ဖွဲ့က မိုင်းခွဲ တိုက် ခိုက်ရာမှာ နယ်ထိန်းရဲ အောင်သူ အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄ ဦး ပွဲချင်း ပြီးသေသွားတဲ့အပြင် ၊ ဒဏ်ရာရသွားတဲ့ ၃ ဦးဟာလည်း ဆေးရုံမှာ ထပ်သေသွား တဲ့အတွက် စုစုပေါင်း ၇ ဦးသေ သွားတယ်လို့ နတ်မောက် ဂဠုန် PDF ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကို ပြောပါတယ်။

– ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ-ခရိုင်မှာ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၄၉ ဦးကို မေ ၂၄ ရက်နေ့ မနက် အစောပိုင်းက ထိုင်းအာဏာပိုင်တွေကနေ ဖမ်းဆီးရမိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article