34 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရာရှိများအပါအဝင် ၂၆ ဦးသေဆုံးပြီး KNLA ရဲဘော် ၂ ဦးကျဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရာရှိများအပါအဝင် ၂၆ ဦးသေဆုံးပြီး KNLA ရဲဘော် ၂ ဦးကျဆုံး

ရန်ကုန်၊ မေ ၁၇

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရာရှိများအပါအဝင် ၂၆ ဦးသေဆုံးပြီး KNLA ရဲဘော် ၂ ဦးကျဆုံးကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

မေလဆန်း ၁ ရက်နေ့မှ မေလ ၁၅ ရက်နေ့အထိ ကေအဲန်ယူမူတြော်၊ အမှတ် ၅ တပ်မဟာထိန်းချုပ်ရာဒေသအတွင်း KNLA-အမှတ် ၅ တပ်မဟာလက်အောက်ခံ စစ်သည်များနှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ တိုက်ပွဲပေါင်း(၆၃)ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၂၆ ဉီးသေဆုံးကာ ၁၀ ဉီးဒဏ်ရာရရှိကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးသူများတွင် တပ်ခွဲမှူး ၁ ဦး၊ ဒု-ခွဲမှူး ၁ ဦးနှင့် တပ်ကြပ်ကြီး ၁ ဦးပါဝင်ကြောင်း၊ စစ်တပ်ထောက်ပံ့ပို့ဆောင်ရေးယာဉ် ၂ စီး ပျက်စီးကြောင်း သိရှိရသည်။

စစ်ကောင်စီဘက်မှ သေဆုံးမှုများရှိသကဲ့သို့ KNLA ဘက်မှ စစ်သည်တော် ၂ ဦးကျဆုံးကြောင်း၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်ထိမှန်၍ ပြည်သူတစ်ဉီးထိခိုက်ဒဏ်ရာရရှိသွား ကြောင်း သိရှိရသည်။

ဓာတ်ပုံ- KNLA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article