33 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ လက်အောက်ခံ BGF တပ်ကို တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရမိ

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ လက်အောက်ခံ BGF တပ်ကို တိုက်ခိုက်မှု ၅ ဦးသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ မေ ၂၉

ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ကို တိုက်ခိုက်ရာ BGF ၅ ဦးသေဆုံးပြီး လက်နက် ၆ လက် သိမ်းဆည်းရမိကြောင်း KNU မူတြော်သတင်းစဉ်က သတင်းထုတ်ပြန်သည်။

မေလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၁၃ မိနစ်အချိန် KNU တပ်မဟာ ၅ နယ်မြေသို့ ကျူးကျော်ဝင်ရောက်လာသော BGF တပ်ကို ဝါးဒူးနှင့်လယ်ကွဲ အကြား ဓာတ်ဆီဆိုင်တစ်နေရာတွင် လမ်းကင်းယူနေသည့် BGF-1013 ကို ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရာ BGF ၅ ဉီးသေဆုံးသွားကြောင်း၊ လက်နက်မျိုးစုံလည်း သိမ်းဆည်းရမိကြောင်း သိရှိရသည်။

အဆိုပါတိုက်ပွဲတွင် BGF တပ်ထံမှ M-16 AR ၄ လက်နှင့် ကျည် ၃၂၀ တောင့်၊ M-79လောင်ချာ ၁ လက်နှင့် ကျည် ၁၇ လုံး၊ 9-MMပစ္စတို ၁ လက်၊ စစ်ဝတ်စုံ ၄ စုံ၊ M-16 AR ကျည်ဘောက် ၄ ချပ်၊ စကားပြောစက် ၁ လုံး၊ ကျောပိုးအိတ် ၆ လုံးအသီးသီးသိမ်းဆည်းရမိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article