35 C
Yangon

NUG က မိုခါ မုန်တိုင်း၏ အန္တရာယ်မှ ပြည်သူများကို ကယ်ဆယ်ရေးနှင့်ကူညီရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအတွက် ကန်ဒေါ်လာ ၁ သန်း မတည်

Must read

NUG က မိုခါ မုန်တိုင်း၏ အန္တရာယ်မှ ပြည်သူများကို ကယ်ဆယ်ရေးနှင့်ကူညီရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအတွက် ကန်ဒေါ်လာ ၁ သန်း မတည်

ရန်ကုန်၊ မေ ၁၃

အမျိုးသားညီညွတ်ရေးအစိုးရက ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA)”ကို ကယ်ဆယ်ရေးနှင့်ကူညီရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၁ သန်းမတည်လိုက်ကြောင်း NUG က တရားဝင် သတင်းထုတ်ပြန်သည်။

မေလ ၁၃ ရက်နေ့ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ (MOCHA) အရေးပေါ်တုံ့ပြန်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် မုန်တိုင်း အန္တရာယ် ကယ်ဆယ်ရေးနှင့်ကူညီရေးဆိုင်ရာ အရေးပေါ်တုံ့ပြန်ရေးအတွက် ရန်ပုံငွေ ဒေါ်လာ ၁ သန်းမတည်လိုက်ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဥက္ကဌ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ကော်မရှင် ဒုဥက္ကဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က အဖွင့်အမှာစကားများပြောကြားခဲ့ပြီး ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မုန်တိုင်း အရေးပေါ်တုံ့ပြန်ရေးနဲ့ပတ်သက်ပြီး လက်ရှိဆောင်ရွက်ထားရှိသည့် အခြေအနေများ၊ မုန်တိုင်းသက်ရောက်နိုင်သည့် ပြည်နယ်၊ တိုင်းများမှ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြည်သူသို့ မုန်တိုင်းသတင်းများ၊ သတိပေးချက်များ အချိန်နှင့်တပြေးညီထုတ်ပြန်ပေးနေမှုများ စသည်တို့ကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

NUG က လက်ရှိတွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (EOCC) ဖွဲ့စည်းမှုကို အတည်ပြုခဲ့ပြီး လုပ်ငန်းအဖွဲ့တာဝန်အလိုက်စတင် ဆောင်ရွက်ရန်၊ ဆိုင်ကလုန်းမုန်တိုင်းအရေးပေါ်တုံ့ပြန်ရေးအတွက် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁ သန်း မတည် ဆောင်ရွက်ရန် ၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့မှာ မုန်တိုင်းဒဏ်တုံ့ပြန်ရေးအတွက် အရေးပေါ်ရန်ပုံငွေအဖြစ် အခွန်ကောက်ခံရရှိငွေ၏ ၁၀ ရာခိုင်နှုန်း သုံးစွဲရန်၊ မိုးလေဝသသတင်းအပါအဝင် မုန်တိုင်းတုံ့ပြန်ရေးနှင့်စပ်လျဉ်းသည့် သတင်းထုတ်ပြန်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်မည့် သတင်းများကို စိစစ်အတည်ပြုပြီး လုထူဆီ အချိန်နှင့်တပြေးညီသတင်းထုတ်ပြန်ပေးရန် သဘောတူညီကြကြောင်း သိရှိရသည်။

နိုင်ငံတကာအကူအညီတွေရရှိရေးနှင့် NUG မူဝါဒ ကြေညာချက် ထုတ်ပြန်ရေးအတွက် EOCC ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က တာဝန်ယူဆောင်ရွက်ရန်၊ မုန်တိုင်းအရေးပေါ်ကာလအတွင်း ပအဖ၊ ပကဖများအနေဖြင့် မုန်တိုင်းနှင့်ပတ်သက်သည့် အရေးပေါ်လုပ်ငန်းများတွင် ဆက်သွယ်မှု ပြတ်တောက်မှုမရှိစေရန်အတွက် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ရေး အချိန်နှင့်တပြေးညီ ညွှန်ကြားပေးရန် စသည့် ဆုံးဖြတ်ချက်များကို ချမှတ်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အမျိုးသားညီညွတ်ရေးအစိုးရ မုန်တိုင်းအန္တရာယ်မှ ပြည်သူများကို ကူညီရေးနှင့် ကယ်ဆယ်ရေးအတွက် ရခိုင်ပြည်သူ့အစိုးရဖြစ်သော ရခိုင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ AA နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူများကို ကယ်ဆယ်ရေး ဆောင်ရွက်ပေးနေသည့် ရခိုင်ပြည်သူ့ အစိုးရ၊ ရခိုင်တပ်တော် AA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article