28 C
Yangon

PDFဒရုန်းတပ်ဖွဲ့များကို နမူနာယူ၍ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲချမှုနည်း စနစ် သစ်များ စမ်းသပ်နေပြီး ကပစ စက်ရုံများက ဒရုန်းဗုံးသီးနှင့် ခဲယမ်း များ စမ်း သပ်ထုတ်လုပ်နေ

Must read

PDFဒရုန်းတပ်ဖွဲ့များကို နမူနာယူ၍ စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲချမှုနည်း စနစ် သစ်များ စမ်းသပ်နေပြီး ကပစ စက်ရုံများက ဒရုန်းဗုံးသီးနှင့် ခဲယမ်း များ စမ်း သပ်ထုတ်လုပ်နေ

ရန်ကုန်၊ မေ ၂၇

အကြမ်းဖက်စစ်ကောင်စီတပ်က PDF တပ်များက အသုံးပြုနေသည့် ဒရုန်းဖြင့် ဗုံးကျဲချသည့်စနစ်ကို နမူနာယူ၍ ဒရုန်းဗုံးသီးများ တီထွင်လုပ်နေခြင်းနှင့် ဗုံးကျဲ ချမှု စနစ်သစ်များကို စမ်းသပ်နေကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မန္တလေးတိုင်း၊ မိတ္တီလာတွင် ဒရုန်းဖြင့် ဗုံးကျဲချသည့်စနစ်နှင့် ဒရုန်း လက် နက် များကို စစ်တပ် တီထွင်စမ်းသပ်လျက်ရှိကြောင်း၊ အဓိက အားဖြင့် ကာကွယ် ရေးပစ္စည်းထုတ်လုပ်ရေး စက်ရုံများက ဒရုန်းဗုံးသီးနှင့် ခဲယမ်းများကို စမ်းသပ် ထုတ် လုပ်ပြီး မိတ္တီလာတွင် စမ်းသပ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်က PDF ဒရုန်းတပ်ဖွဲ့တွေကို အတုယူပြီး ကပစ စက်ရုံတွေက Drop Bomb များကို မိထ္တီလာ မှာ စမ်းသပ်နေပါတယ်။ တော်လှန်အင်အား စုတွေ အနေနဲ့ သတိပြုရှောင်ရှားနိုင်စေဖို့ အသိပေးတာဖြစ်ပါတယ်” ဟု စစ်ဘက် သတင်း ရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်များက အခြားတစ်ဖက်တွင်လည်း ဒရုန်းပစ်ချသည့် လက်နက် များကို အဆင့်မြှင့်တင်ပြီး ရှေ့တန်းထွက်သည့် စစ်တပ် စစ်ကြောင်း တိုင်းကို ပေးအပ်နိုင်ရေး အတွက် ကြိုးပမ်းနေကြောင်း၊ စစ်ကောင်စီတပ် များသည် PDF တပ်များ၏ ဒရုန်းဖြင့် ဗုံးကျဲချမှု အလွန် ကြောက်ရွံ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article