32 C
Yangon

နေပြည်တော်၊ လယ်ဝေးတွင် ဗိုလ်မှူး မင်းသူအောင်နှင့် အမျိုးသမီး အရာရှိ ၂ ဦး သေဆုံးသွားသည့် လေတပ် အမောင်းသင် ရဟတ်ယာဉ် ပျက်မှု မြင်ကွင်းဓာတ်ပုံများ

Must read

နေပြည်တော်၊ လယ်ဝေးတွင် ဗိုလ်မှူး မင်းသူအောင်နှင့် အမျိုးသမီး အရာရှိ ၂ ဦး သေဆုံးသွားသည့် လေတပ် အမောင်းသင် ရဟတ်ယာဉ် ပျက်မှု မြင်ကွင်းဓာတ်ပုံများ

ရန်ကုန်၊ ဇွန် ၁၅

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာအနီး စစ်တပ်၏ အမောင်း သင် H120 ရဟတ်ယာဥ် ပျက်ကျပြီး နည်းပြဖြစ်သူ ဗိုလ်မှူး မင်းသူအောင်နှင့် သင်တန်းသူ အမျိုးသမီးအရာရှိတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယနေ့ ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲပိုင်းတွင် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှ H120 helicopter အမျိုးအစား အမောင်းသင် လေယာဥ် တစ်စီး Navigation သင်ခန်းစာ လေ့ကျင့်ပျံသန်းစဥ် နေပြည်တော်မှ အပြန် လယ်ဝေးမြို့နယ်၊ လယ်ဒါကြီးကျေးရွာအနီးတွင် ရာသီဥတု မကောင်း၍ ပျက်ကျပြီး နည်းပြဖြစ်သူ pilot ဗိုလ်မှူး မင်းသူအောင် နှင့် သင်တန်းသူ အမျိုးသမီး အရာရှိတို့ သေဆုံးခဲ့ကြောင်း သိရသည်။

” ရာသီဥတုမကောင်းတာ တာဝန်ရှိသူတွေက လေကြောင်း အတတ်သင် လေတပ်စခန်းမှူး ဗိုလ်မှူးချုပ် ဝင်းမောင်သိန်းကို သတင်းပို့သော်လည်း အရေးတယူစဉ်းစားခြင်းမရှိဘဲ အမြော်အမြင်မဲ့စွာ ဆုံးဖြတ်မှုကြောင့် အသက်ဆုံးရှုံးရတာပါ” ဟု တပ်တွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ဝင်းမောင်သိန်းသည် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှူး အဖြစ် တာဝန်ယူထားပြီး ၎င်းလက်ထက်တွင် တပ်ပြေးများနေခြင်း လက် အောက် ငယ်သားများအား အကြောင်းမရှိ အကြောင်းရှာ အပြစ်ရှာခြင်း တပ်သားများ၏ လွတ်လပ်ခွင့်များပိတ်ပင်ခြင်း၊ အပြင်ထွက်ခွင့်များအား ကန့်သတ်ပိတ်ပင်ခြင်း များ လုပ်ဆောင်ခြင်းကြောင်း အောက်ခြေ တပ်သားများက ကျေနပ်မှု မရှိကြောင်း သိရသည်။

(မှတ်ချက်- သတင်းဓာတ်ပုံများသည် ရန်ကုန်ခေတ်သစ်၏ မူပိုင် သတင်း ဓာတ်ပုံများဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ မျှဝေကူးယူနိုင်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article