28 C
Yangon

ကယန်းပြည်သူ့စစ် လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

Must read

ကယန်းပြည်သူ့စစ် လုံခြုံရေးဂိတ်ကို စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲ

ရန်ကုန်၊ ဇွန် ၁

ကရင်နီပြည်နယ်၊ မိုးဗြဲ -ပီကင်းလမ်းပေါ်ရှိ ကယန်းပြည်သူ့စစ်လုံခြံရေးဂိတ်စခန်းတစ်ခုကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇွန်လ ၁ ရက် နံနက် ၄ နာရီဝန်းကျင်ခန့်က မိုးဗြဲ – ပီကင်းလမ်းပေါ်ရှိ ကယန်းပြည်သစ် တပ်မ တော် လုံခြုံရေးဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ ရာ ဂိတ်စခန်းတစ်ခုလုံးထိခိုက်ပျက်စီးသွားပြီး ကယန်းပြည်သစ်ရဲဘော်များ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို မသိရသေးကြောင်း သိရသည်။

“ထိခိုက်မှုကတော့ မသိရသေးဘူး၊ မနက် ၄ နာရီကနေ ၅ နာရီအထိ၊ မိုးဗြဲဂိတ်၊ ဖယ်ခုံ၊ မြေနီကုန်း၊ စက်တော်၊ လွယ်လုံ၊ ခေါင်းအိ အဲဒီနေရာ တွေကို လေယာဉ် ၅ စီးနဲ့လာပစ်သွားတယ်၊ ဘာကိစ္စနဲ့ပစ် တာလဲတော့ မသိရသေးဘူး၊ မေလ ၁၈ နေ့တုန်းက လွိုင်ကော်၊နောင်ယားထဲမှာ ကယန်းပြည်သစ်ပါတီ ဥက္ကဌဦးသန်းစိုးနိုင်ရဲ့အိမ်ကို စစ်တပ်တွေလာဝိုင်းပြီး စစ်ဆေးတယ်လို့ သိရတယ်၊ အဲဒီအချိန်က ဥက္ကဌက မရှိဘူး၊ အဲဒီအချိန်မှာလည်း ဆီဖူးဘက်မှာ အခြေ အနေ မကောင်းဘူး၊တင်းမာနေတယ်၊ တပ်အင်အား ဖြည့်လာတယ်၊ အခုကတော့ ဗုံးနဲ့လာကျဲသွားတာ၊” ဟု ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟို သတင်းထုတ်ပြန် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။

ကယန်ပြည်သစ်တပ်မတော်သည် ၂၀၀၉ ခုနှစ်ကတည်းက စ၍ ပြည်သူ့စစ်အဖွဲ့အစည်းအဖြစ် ရပ်တည် ခဲ့ကြောင်း၊ သို့သော်လည်း ကယန်းပြည်သစ်တပ်မတော်နေ့၊ ကယန်းပြည်သစ်မွေးနေ့များကို ကျင်းပပြီး သီးခြားအဖွဲ့အစည်းပုံသဏ္ဍာန် လှုပ်ရှားကာ ကရင်နီဒေသတိုက်ပွဲများ၌လည်း အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ပူးပေါင်းပါဝင်တိုက်ခိုက်ပေးခြင်း မရှိကြောင်း၊ ဆီဖူးတွင် ဌာနချုပ်စခန်းအထိုင်ချထားပြီး မိုးဗြဲ၊ ဖယ်ခုံ၊ ရာဇဂြိုလ်၊ ပေါင်းလောင်း တို့၌ ထိန်းချုပ်နယ်မြေများရှိကြောင်း သိရသည်။

“၂၀၀၉ ကတည်းက သူတို့ကို ပြည်သူ့စစ်သတ်မှတ်ထားတယ်၊ ဒါပေမယ့် သူတို့ တပ်မတော်နေ့ တွေလည်းလုပ်တယ်၊ ကယားပြည်သစ်ရဲ့ ဘယ်နှနှစ်မြောက်မွေးနေ့တို့အဲဒီလိုလည်းလုပ်တယ်၊ နောက်ပြီးတော့ ကယားပြည်သစ်တပ်မတော်ဆိုပြီးဖွဲ့တာရှိတယ်၊ အမှန်တရားဝင်ကတော့ သူတို့က ပြည်သူ့စစ်၊ တပ်မ တော်လို့တော့ သူတို့ကို သူတို့ခေါ်တယ်၊ ဒါပေမယ့်အရင်အစိုးရတွေက သူတို့ကို ပြည်သူ့စစ်လို့ သတ် မှတ်ထားတယ်၊ ကယားပြည်သစ်တပ်မတော်ဆိုတာ မိုးဗြဲရယ်၊ ဖယ်ခုံရယ်၊ ရာဇဂြိုလ်၊ ပေါင်းလောင်း ဆိုတာ ကယန်းပြည်သစ်နယ်မြေ၊ ဆီဖူးတောမှာက သူတို့ဌာနချုပ်ရှိတယ်၊ စကစက သူတို့ လက် အောက်ခံ တပ်ကို သူတို့ ဗုံးကျဲသွားတဲ့သဘောမျိုးဖြစ်သွားတာပေါ့၊ စစ်တပ်က အဲဒီပြည်သူ့စစ်တွေကိုတော့ တိုက်တော့ မတိုက်ဘူး” ဟု တော်လှန်ရေး စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article