28 C
Yangon

ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော်ပြာကျပြီး ပြည်သူများ စားဝတ်နေရေး ခက်ခဲနေ

Must read

ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၄၀၀ ကျော်ပြာကျပြီး ပြည်သူများ စားဝတ်နေရေး ခက်ခဲနေ

ရန်ကုန်၊ ဇွန် ၃

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၀၀ ကျော် ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၁ ရက်နေ့တွင် ကသာမြို့နယ်၊ ညောင်ခြေထောက်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၄၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကာ ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် စားဝတ်နေရေး ခက်ခဲလျက်ရှိကြောင်း သိရသည်။

“ဇွန်လ ၁ ရက်နေ့က ဖြစ်သွားတာပါ စစ်တပ်က မီးရှို့ဖျက်ဆီးလို့ တစ်ရွာလုံး ပြာကျသွားပါပြီ ကသာမြို့နယ် ညောင်ခြေထောက်ရွာပါ။ အားလုံးပေါင်း နေအိမ်​ ၄၀၀ ကျော်ရှိပါတယ်။ တစ်ရွာလုံးကုန်ပြီး ပြည်သူတွေက အခု ဘုန်းကြီး ကျောင်းထဲ စုနေကြပါတယ်။ စားစရာ နေရာဝတ်စရာ ခက်ခဲနေပါတယ်” ဟု ပြည်သူတစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article