28 C
Yangon

ကိုးကန့်ဒေသ မူပန်ခရိုင်တွင် တိုက်ပွဲဖြစ်ပွားပြီး MNDAA တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး၊ ပဲခူးရိုးမပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး

Must read

ကိုးကန့်ဒေသ မူပန်ခရိုင်တွင် တိုက်ပွဲဖြစ်ပွားပြီး MNDAA တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး၊ ပဲခူးရိုးမပေါ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၄

ရှမ်းပြည်နယ်၊ အထူးဒေသ ၁ မူပန်ဒေသနှင့် ကိုးကန့်ဒေသထဲတွင် တိုက်ပွဲဖြစ်ပွားပြီး မြန်မာအမျိုးသား ဒီမို ကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးခဲ့ ကြောင်း The Kokang က ထုတ်ပြန်သည်။

ဇွန်လ ၂ ရက်နေ့ နံနက် ၉ နာရီ ၉ မိနစ်ခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ အထူး ဒေသ ၁ မူပန်ခရိုင် ပြင်းတောင်ရွာအနီးရှိ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုး ကန့် (MNDAA)၏ ယာယီတပ်စခန်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက် ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ် တိုက်ပွဲ ၁ နာရီခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၃ ရက် နေ့လည် ၁၂ နာရီ ၄၀ မိနစ်ခန့်အချိန် တွင် အင်အား ၁၀၀ ခန့်ဖြင့် MNDAA တပ်ဖွဲ့အခြေချရာ ကိုးကန့်ခရိုင် တုံရှမ်းဒေသ၊ ရှောက်မင်ရှမ်းနှင့် ချောက်ချိုင့်ပါ့နေရာတို့ကို ထိုးစစ်ဆင် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ညနေ ၃ နာရီ အထိဖြစ်ပွားပြီး ကိုးကန့်(MNDAA)ဘက်မှ တစ်ဦး ကျဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု မသိရသေးကြောင်း The Kokang က ထုတ်ပြန်ထားသည်။

ယနေ့ ဇွန်လ ၄ ရက် နံနက် ၁၀ နာရီခန့်တွင်လည်း ကိုးကန့်ခရိုင်၊ ရှိရှမ်းဒေသ ကြာကျည်ရှူနေရာတွင် အခြေချနေထိုင်သော အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် ကျန်တစ်ရှမ်းဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေပြီး ပေါက်ကွဲသံများ ကြားနေရကြောင်း၊ တိုက်ပွဲဖြစ်ရာ တာခုတ်ကျည်နေရာကို အကြမ်းဖက် စစ်တပ်က သွားလာခွင့်မပေးပဲ ပိတ်ဆို့တားမြစ်ထားကြောင်း သိရသည်။

ထို့ပြင် ယနေ့ ဇွန်လ ၄ ရက်နေ့သည် တာရွှေထန်၏ စျေးကွက်နေ့(စျေးရောင်းနေ့)ဖြစ်ပြီး တာရွှေထန် သို့ လာရောက် စျေးဝယ်သော အရပ်သားပြည်သူများ ရွာပြန်ချိန်တွင် တာခုတ်ကျည်နေရာကို ဖြတ်ကျော် ကြရသဖြင့် ပိတ်ဆို့တားမြစ်ခံထားရကြောင်း သိရသည်။

အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြိုနယ်၊ သစ်ပုတ် ကျေးရွာအုပ်စု၊ လက်ပံခုံရွာအနီး မြေနီတောင် ကြောပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ ၁ ဦးသေဆုံးခဲ့ ကြောင်းBago Region PDF ထံမှ သိရသည်။

ယမန်နေ့ ဇွန်လ ၃ ရက် နံနက် ၇ နာရီခန့်က ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးပြီး တောင်သူများကို အနိုင် ကျင့်ဆတ်ကြေးတောင်းနေသော အင်အား ၄၀ ခန့်ပါ စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (ပေါင်းတည်မြိုနယ်ပြည်သူ့ကာကွယ်တပ်ဖွဲ PPDF) က ချုံခို တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သား တစ်ဦး ၁ ဦးအပြင်းအထန်ဒဏ်ရာရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော အကြမ်းဖက်စစ်သား၏ ရုပ်အလောင်းကို ပြည်သူပိုင်ယာ တဲပေါ် တင်၍ မီးရှိသွားပြီး အနီးနားမှ ပြည်သူပိုင် ယာတဲ(၈)လုံးကိုလည်း ထပ်မံမီးရှိဖျက်ဆီးသွားခဲ့ ကြောင်း၊ အပြင်းအထန်ဒဏ်ရာရရှိခဲ့သူ အကြမ်းဖက်စစ်သားကို စောင်ပုခက်ဖြင့် ထမ်းကာ သစ်ပုတ် ရွာသို့ သယ်ဆောင်သွားကြောင်း သိရသည်။

ယင်းအကြမ်းဖက် စစ်ကြောင်းသည် လက်ပံခုံရွာ၌ ၂ ရက်တာ တပ်စွဲနေထိုင်ပြီး ကျေးရွာနေပြည်သူ ၇၀ ဦး ကျော်ကို ဇွန်လ ၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ဖမ်းဆီးကာ ညနေ ၅ နာရီကျော်အထိ အစားအစာ မကျွေးပဲ ကွင်းပြင်၌ နေလှန်း၍ နှိပ်စက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article