30 C
Yangon

ကောလင်းမြို့နယ်တွင် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး အပါအဝင် ပြည်သူ ၉ ဦးကို စစ်တပ်က ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်

Must read

ကောလင်းမြို့နယ်တွင် ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး အပါအဝင် ပြည်သူ ၉ ဦးကို စစ်တပ်က ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်

ရန်ကုန်၊ ဇွန် ၈

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ခံသာတိုက်နယ်အတွင်းရှိ ရပ်ကျေးပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦး အပါအဝင် ပြည်သူ ၉ ဦးကို စစ်တပ်က ဖမ်းဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်သွားခဲ့ကြောင်း Kawlin Revolution – KR ထံမှ သိရသည်။

မေလ ၂၈ ရက် နေ့တွင် ကောလင်းမြို့နယ်၊ စပီးကျောက်တန်းရွာအနီး သစ်ဖုလှတောင်ကုန်းသို့ ရောက် ရှိလာသော စစ်ကြောင်းကို ကောလင်းခရိုင်တပ်ရင်း ၁၊ ကောလင်းမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တို့က ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်တပ်က ဖမ်းဆီးလာသော ပြည်သူ ၁၆ ဦးထဲမှ ၅ ဦးကို ပြန်လွှတ်ကာ ၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ကျန် ၄ ဦးမှာပျောက်ဆုံးနေကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ချပ်ကုန်းရွာမှ ဦးဆန်းဦး ၊ ဦးမောင်ဝင်း(သေဆုံးမှု အတည်မပြုနိုင်သေး)၊ အင်းယား ရွာမှ ဦးတင်လွင်အောင် (သေဆုံးမှု အတည်မပြုနိုင်သေး)၊ ဘန်ဘွေးကုန်းရွာမှ ဖိုးဆိုး (သေဆုံးအတည် မ ပြုနိုင်သေး)၊ မုတ်ဝရွာမှ ဦးဝင်းဗိုလ်၊ ဦးဆန်းဦး (ရွှေကြယ်သီး ၅ လုံး၊နာကပ်တစ်ရံနှင့် ငွေသားကျပ်သိန်း တစ်ရာခန့်ပါရှိ) ဦးဝင်းနိုင် (ငွေသား ရှစ်သိန်းခန့်ပါရှိ)၊ ဦးဇော်မင်း ၊ ဦးဇော်ဦး၊ မိုမိုတို့ အပါအဝင် ၁၆ ဦးဖြစ်ပြီး ဖြစ်ပြီး မုတ်ဝရွာ သား(၆) ဦးမှာ တစ်စုတစ်စည်း တည်း အသတ်ခံရခြင်းဖြစ်ကြောင်း၊ ၎င်းတို့ရုပ်အလောင်းများကို သစ်ဖုလှတေင်ဘက် တစ်ဆူတောင်အ နီးသစ်တောထဲတွင် တွေ့ရှိခဲ့ ကြောင်း သိရသည်။

ထို့အပြင် ဖက်ခါးကုန်းရွာမှ ဦးဆန်းလင်း(ဆင်မင်း) ရပ်ကျေးပအဖ အဖွဲ့ကျဆုံးခဲ့သဖြင့် စုစုပေါင်း စစ်တပ်၏ သတ်ဖြတ်ခံရသူ ၉ ဦးရှိပြီး ပျောက်ဆုံးနေသော ကျန် ၄ ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း Kawlin Revolution – KR က ထုတ်ပြန်ထားသည်။

ပြည်သူ ၉ ဦးကို သတ်ဖြတ်သွားသော စစ်ကြောင်းမှာ မေလ ၂၇ ရက်နေ့ ကောလင်းမြို့မှ အင်အား ၇၀ ခန့်ဖြင့် ထွက်ခွာ လာသော ခမရ ၃၆၉ တပ် စစ်ကြောင်းဖြစ်ကြောင်း၊ အဆိုပါ စစ်ကြောင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၁ နယ်မြေ အတွင်းရှိ ကျောက်ပု ထိုးသို့ရွာစဉ်လှည့်လည် ဖျက်ဆီးနေခြင်းဖြစ်ကြောင်း ၊ ဇွန်လ ၂ ရက်နေ့တွင် ကိုးတောင်ဘို့မှ လာရောက်သော ခမရ ၃၆၃ တပ်၏ အင်အား ၅၃ ဦးဖြင့် သစ်ဖုလဘုရားကုန်းတွင် ပူးပေါင်းကာ ကျေးရွာများကို ယခုထက်ပိုမို စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။

ဇွန်လ ၄ ရက်နေ့တွင် အုန်းပင်ကုန်းရွာဘက်မှ ထွက်လာသော စစ်ကြောင်းကို ကောလင်းခရိုင်တပ်ရင်း ၁ က ထပ်မံ တိုက်ခိုက်ခဲ့သဖြင့် ရွာထဲသို့ ပြန်ပုန်းပြီး လေယာဉ်ပစ်ကူနှင့် ဝန်းသိုတပ်မှ ဟောင်ဝစ်ဇာလက်နက်ကြီး ပစ်ကူယူခဲ့ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးကာ ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်အသုံးအဆောင်ပစ္စည်းအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်း PDF က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article