30 C
Yangon

ကော့ကရိတ်မြို့နယ်၊ ဆံဖလားရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ၄ လုံး ပျက်စီး

Must read

ကော့ကရိတ်မြို့နယ်၊ ဆံဖလားရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ၄ လုံး ပျက်စီး

ရန်ကုန်၊ ဇွန် ၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဆံဖလားကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကျဲမှု စာသင်ကျောင်းနှင့် နေအိမ် ၄ လုံး ပျက်စီးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။

ဇွန်လ ၆ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၄၆ မိနစ်ခန့်တွင် ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် တပ်မဟာ ၆ ၊ ကော့ကရိတ်မြို့နယ်၊ ဆံဖလားကျေးရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာများဖြင့် Cluster Bomb ကို ကျေးရွာအတွင်း လာရောက်ကျဲချခဲ့ပြီး ဆံဖလားကျေးရွာ အခြေခံမူလတန်းစာသင်ကျောင်း ၁ ကျောင်း၊ ပြည်သူနေအိမ် ၄ လုံး နှင့် ပြည်သူပိုင် ခြံစိုက်သီးပင်တစ်ချို့ ကျည်စထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဂျက်ဖိုက်တာသည် နေပြည်တော်လေတပ်မှ လာရောက် ကျဲချခြင်းဖြစ်ပြီး Cluster ဗုံး ၁ လုံးအတွင်း ပါဝင်သော ဗုံးသီးငယ်များသည် ဆံဖလားရွာ စာသင်ကျောင်းဝင်းထဲ ၂ လုံး ကျရောက် ပေါက်ကွဲပြီး ကျောင်းဆောင်၏ ပြတင်းပေါက်၊ တံခါးပေါက်၊ ကျောင်းခေါင်မိုး၊ ဘေးနံရံ၊ မျက်နှာကျက်၊ ကျောက်သင်ပုန်း၊ ကျောင်းတိုင်၊ ကျောင်းသောက် ရေအိုး နှင့် ကျောင်းတွင်း တတ်ဆင်ထားသော ပန်ကာများမှာ ကျည်စထိမှန် ပျက်စီးခဲ့ကြောင်းသိရသည်။

ထို့ပြင် ၎င်းဗုံးသီးငယ်များ ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ ၁ ဦး၏ အိမ်လှေကား နှင့် အိမ်ခေါင်မိုး ကျည်စထိမှန်၊ ပြည်သူ ၁ ဦး၏ ဆိုင်ကယ် ဝပ်ရှော့ရုံ ဘေးနံရံကျည်စထိမှန်၊ ပြည်သူ ၁ ဦး၏ အိမ်နံရံ နှင့် ဘုရားစင် ကျည်စထိမှန်၊ ပြည်သူ ၁ ဦး၏ အိမ်ခေါင်မိုးနှင့် အိမ်နံရံတို့ ကျည်စထိမှန်ပျက်စီးခဲ့ကြောင်း KNU-ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article