27 C
Yangon

ကော့ကရိတ်၊ တံတဂူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

Must read

ကော့ကရိတ်၊ တံတဂူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတဂူးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice Soldiers PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ကော့ကရိတ်မြို့နယ်၊ တံတဂူးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ခတ်ခဲ့ပြီး ပြည်သူ ၁ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းသို့ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းသည် ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice soldiers PDF နှင့် ကျားဖြူ တပ်ရင်းရုံးတပ်ခွဲ Southern Eagle PDF မှ ရဲဘော်များ ကျေးရွာအတွင်း ကင်းလှည့်ပြီး ပြန်လည် ထွက်ခွာသွားချိန်တွင် အကြမ်းဖက် စစ်တပ်က ရွာထဲကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ကျွန်တော်တို့ တပ်ကင်းလှည့်ပြီးတာနဲ့ ရွာထဲက ကျွန်တော်တို့ ပြန်ထွက်လာခဲ့တယ်ပေါ့။ ပြန်ထွက်လာတဲ့အချိန်မှ ရန်သူက သတင်းရပြီးတော့ တစ်ကြောင်း သူတို့သတင်းပေးတွေ ရှိလို့ ဖြစ်မှာပေါ့။ အဲတာနဲ့ ကျွန်တော်တို့ကို လက်နက်ကြီးနဲ့ ထုတာပေါ့။ အဓိကတော့ ကျွန်တော်တို့ ရွာထဲမှာ မရှိတော့တဲ့ အချိန်မှ ရွာထဲကို ကျွန်တော်တို့လာရင် ဒါမျိုးခံရမယ် ပုံစံမျိုးနဲ့ သူတို့က ထုတာပေါ့။ အဲမှာ ရွာသား ၁ ဦးထိသွားပြီး ကျွန်တော်တို့ကို အကူအညီတောင်းလို့ ကျွန်တော်တို့ ကူညီပေးခဲ့ရသေးတယ်။ နောက်ထပ် ရွာသား ၃ ဦးလည်း ထပ်ထိတယ်ပေါ့။ အခုထိတာ များတဲ့ ၁ ဦးကတော့ သေဆုံးသွားတယ်ပေါ့” ဟု ကျားဖြူစစ်ကြောင်း ကျားဖြူတပ်ခွဲ ၅ Justice Soldiers PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article